Padamyar FM

ဒီနေ့အတွက်စကား

Informações:

Sinopsis

A mother may be educated or uneducated, but she is the BEST GUIDE and the LAST HOPE in the world when you fail in your life. မိခင်နဲ့ပတ်သက်ပြီးဆိုရိုးစကားတွေတော်တော်များများရှိတတ်ကြပါတယ်။ဒီထဲကဒီစကားကလည်းကျွန်တော်တို့တစ်ခါတစ်လေမှာမေ့လျော့နေမိတတ်တဲ့အချင်းအရာတစ်ခုကိုအလင်းပြထားတဲ့စကားပါ။ မိခင်ဆိုတာကျွန်တော်တို့ရဲ့အသက်ကိုပေးစွမ်းတဲ့သူပါ။ကျွန်တော်တို့အသက်ကိုရှင်သန်မွေးဖွားနိုင်ဖို့သူ့အနေနဲ့အသက်ကိုတောင်မငဲ့ကွက်ဘဲစွန့်စားခဲ့တဲ့သူပါ။ကျွန်တော်တို့ကိုသူ့ဝမ်းကြာတိုက်ထဲမှာထည့်ထားတဲ့အချိန်အတွင်းမှာလည်းသူ့အနေနဲ့အနေအထိုင်အစားအသောက်အပြုအမူတွေကိုအချိန်အကြာကြီးချုပ်တီးထိန်းသိမ်းနေခဲ့ရပါတယ်။မွေးဖွားပြီးတဲ့အချိန်မှာလည်းသူ့ရင်ကဖြစ်တဲ့နှလုံးသွေးဖြစ်တဲ့နို့ချိုကိုတိုက်ကျွေးရပြန်ပါတယ်။ကျွန်တော်တို့အာဟာရဖြစ်အောင်မကြိုက်တာလည်းစား၊ကြိုက်တာလည်းမစားနဲ့နေရပြန်ပါတယ်။ကျွန်တော်တို့ကျန်းမာဖို့ဘေးရန်ကွာဖို့စတေးရဆုံးလူသားဟာကျွန်တော်တို့ကိုမွေးဖွားပေးခဲ့တဲ့မိခင်တွေ၊အမေတွေပါ။ဒါကြောင့်ကိုယ့်အနေနဲ့အမေ့ရဲ့ကျေးဇူးကိုအဆုံးစွန်ထိမဆပ်နိုင်ရင်တောင်မှကျေးဇူးကန်းတဲ့အပြုအမူမျိုးကိုတော့မလုပ်မိဖို့ရှောင်ကြဉ်ဖို့လိုပါတယ်။