Padamyar FM

ဒီနေ့အတွက်စကား

Informações:

Sinopsis

ဒီနေ့အတွက်စကား When you fully trust someone without any doubt, you finally get one of two results: a person for life, or a lesson for life. သင့်အနေနဲ့လူတစ်ယောက်ကိုသံသယလုံးဝမရှိပဲယုံကြည်မိလိုက်တဲ့အခါမှာဒီနှစ်မျိုးထဲကတစ်မျိုးရနိုင်ချေရှိပါတယ်။ဘဝအတွက်လူတစ်ယောက်၊ဒါမှမဟုတ်ဘဝအတွက်သင်ခန်းစာတစ်ခုတဲ့။ဒီစကားကတော့အားလုံးကြားသိလိုက်ရတဲ့အတိုင်းပါပဲ။ပေါင်းသင်းဆက်ဆံရေးနဲ့ပတ်သက်ပြီးသတိထားရမယ့်သိထားသင့်တဲ့အချက်တစ်ခုကိုပြောပြထားတာပါ။ လူတစ်ယောက်ကိုယုံကြည်မှုလွန်ကဲတာပဲဖြစ်ဖြစ်သူဘာပြောပြောဘာလုပ်လုပ်မှန်လိမ့်မယ်လို့ယုံလိုက်မိတာပဲဖြစ်ဖြစ်သူ့အပေါ်သံသယကင်းစွာနဲ့ဆက်ဆံတဲ့အခါမှာဖြစ်နိုင်ချေကနှစ်မျိုးနှစ်စားရှိပါတယ်။အဲဒီနှစ်မျိုးထဲကတစ်မျိုးကိုသင့်အနေနဲ့ပိုင်ဆိုင်လိုက်ရမှာအသေအချာပါပဲ။ပထမတစ်မျိုးကတော့ဘဝတစ်ခုလုံးစာအတွက်လူသားတစ်ယောက်ပါ။ပြောရမယ်ဆိုရင်တော့ကိုယ့်အပေါ်ဘယ်တော့မှသစ္စာမဖောက်မယ့်၊တစ်သက်လုံးကိုယ့်ကောင်းရာကောင်းကျိုးကိုသာလုပ်ဆောင်ပေးမယ့်ရာနှုန်းပြည့်ယုံကြည်ရတဲ့လူသားတစ်ယောက်ပါ။ဒါပေမယ့်အဲဒီလိုမျိုးလူသားကိုရှာဖွေတွေ့ရှိနိုင်ဖို့ဆိုတာတကယ်တမ်းပြောရမယ်ဆိုရင် သိပ်တော့ မလွယ်ကူလှပါဘူး။