Padamyar FM

ဒီနေ့အတွက်စကား

Informações:

Sinopsis

For moments when you don’t feel like yourself. Have alone/quiet time. Breathe deeper exhale slower. Listen within. Take positive action to restore. ဒီနေ့အတွက်စကား သင့်ကိုယ်သင်သဘောမတွေ့နိုင်တဲ့အချိန်တွေမှာတစ်ဦးတည်းတိတ်တိတ်ဆိတ်ဆိတ်နေကြည့်ပါ။ အသက်ကို တဝရှုပြီးဖြေးညှင်းစွာ ထွက်လေကိုထုတ်ပါ။ သင့်စိတ်ထဲကစကားသံကိုနားစွင့်ပါ။ အပြုသဘောဆောင်တဲ့လုပ်ဆောင်မှုတွေနဲ့ ပြန်လည်စတင်လိုက်ပါ တဲ့။ဒီစကားကိုတော့ အွန်လိုင်းမှာစိတ်ဓါတ်မြင့်တင်ရေးစာစုတွေရေးသားရင်းနာမည်ကျော်လာတဲ့ Lalah Delia ကပြောကြားထား တာဖြစ်ပါတယ်။ တစ်ခါတစ်ရံမှာ ကျွန်တော်တို့အနေနဲ့ ပတ်ဝန်းကျင်ရဲ့ရိုက်ခတ်မှုတွေ၊ ဘေးပယောဂကပြောတဲ့ စကားသံတွေ ကြောင့် မိမိကိုယ်ကိုမကျေနပ်နိုင်တဲ့ သဘောမမတွေ့နိုင် တဲ့အခိုက်အတန့်တွေရှိတတ်ပါတယ်။ ကိုယ်လုပ်တာတွေကတလွဲတချော်တွေဖြစ်ပြီး ကြံစည်ထားသမျှ ရေစုန်မျှောသလိုပျက်စီးသွားတဲ့အခါမှာလူ့လောကကြီးမှာ ကိုယ်ဟာအရေးမပါအသုံးမဝင်တဲ့လူပိုတစ်ယောက်လိုခံစားရတတ်ပါတယ်။ အဲဒီလိုအဖြစ်မျိုးခံစားတွေ့ကြုံရတဲ့အခါမှာဘယ်လိုမျိုး ဖြေရှင်းရမလဲဆိုတာကိုပြောပြထားတဲ့စကားတစ်ခွန်းဖြစ်ပါတယ်။ ပထမဆုံးအနေနဲ့ လူသူထူထပ်တဲ့နေရာတွေကိုရှောင်ပြီးတစ်ဦး တည်းနေလို့ရမယ့် တိတ်ဆိတ်တဲ့ပတ်ဝန်းက