Padamyar FM
ဒီနေ့အတွက်စကား
- Autor: Vários
- Narrador: Vários
- Editor: Podcast
- Duración: 0:03:00
- Mas informaciones
Informações:
Sinopsis
ဒီနေ့အတွက်စကား No matter how badly someone treats you, never drop down to their level. Remain calm, stay strong and walk away. ဘယ်လိုပဲတစ်စုံတစ်ယောက်ကသင့်ကို ဆိုးဝါးစွာနဲ့ ဆက်ဆံပါစေသူတို့နဲ့အဆင့်အတန်းတူအဖြစ်ကိုအရောက်မခံပါနဲ့။ စိတ်ကို တည်တည်ငြိမ်ငြိြမ်ကံ့ကြံ့ခိုင်ခိုင်ထားပါ။ သူနဲ့ဝေးရာကိုသာထွက်သွားလိုက်ပါ။ပေါင်းသင်းဆက်ဆံရေးဆိုတဲ့ လူ့ဘဝမှာအရေးပါတဲ့ ကိစ္စမှာ ဒီစကားထဲကလိုမျိုးကိုယ့်ကိုတစ်ဖက်သတ်ဆိုးဆိုးဝါးဝါး ဆက်ဆံတတ်တဲ့သူတွေနဲ့လည်းတစ်ကွေ့မဟုတ်တစ်ကွေ့မှာ ကြုံဆုံကြရမှာပါပဲ။ ကိုယ့်အပေါ်မှာအဲဒီလိုမျိုးတစ်ဖက်သတ်ဆိုးဝါးစွာဆက်ဆံတတ်တဲ့သူတွေနဲ့ ကျွန်တော်တို့တတွေတွေ့ဆုံ ကြတဲ့အခါမှာသည်းခံနိုင်သမျှသည်းခံတတ်ဖို့ လိုပါတယ်။ ဒါပေမယ့်တစ်ချို့သောလူတွေကတော့ သည်းခံနိုင်တဲ့အတိုင်းအတာ ကျော်လာတဲ့အထိကိုလွန်လွန်ကျူးကျူးဆက်ဆံတဲ့အခါမှာ ကျွန်တော်တို့ရဲ့ ဒေါသစိတ်တွေ ပေါက်ကွဲထွက်သွား တတ်ပါတယ်။ အထူးသဖြင့် ရုတ်ရင်းကြမ်းတမ်းတဲ့စကားတွေကိုကိုယ့်အပေါ်ပြောဆိုတာ၊ ဆဲဆိုအော်ဟစ်တာ၊ အပြစ်မရှိအပြစ်ရှာပြီး ပြဿနာလုပ်တာဖိနှိပ်တာမျိုးတွေကိုတော်တော်များများကသည်းခံနိုင်စွမ်းနည်းတတ်ကြပါတယ်။ သူအော်သလိုကိုယ်ပြန်အော် လိုက်မှပဲစိတ်ထဲမှာပေါ့သွားသလိုသူဆဲသလိုကိုယ