Padamyar FM

ဒီနေ့အတွက်စကား

Informações:

Sinopsis

Happiness is found when you stop comparing yourself to other people. သင့်ကိုယ်သင်တခြားသူတွေနဲ့လိုက်လံနှိုင်းယှဉ်နေတာကိုရပ်တန့်လိုက်မယ်ဆိုရင် သင်ပျော်ရွှင်မှုကိုရှာတွေ့ပါလိမ့်မယ်။ ဒီနေ့အတွက်စကားကတော့ တခြားသောသူတွေရဲ့ဘဝကို သဘောကျပြီးကိုယ့်ရဲ့ဘဝနဲ့နှိုင်းယှဉ်လို့ စိတ်ဓါတ်ကျအားငယ်နေတဲ့ သူတွေအတွက် အသိပေးထားတဲ့စကားတစ်ခွန်းဖြစ်ပါတယ်။ လောကမှာကိုယ့်ရဲ့ဖြစ်တည်လာတဲ့ဘဝဟာ အကောင်းတွေ ချည်းဖြစ်တည်ဖို့ဆိုတာမဖြစ်နိုင်ပါဘူး။ အဆိုးတွေချည်းကိုလည်းတစ်ချိန်လုံးတွေ့ကြုံပိုင်ဆိုင်နေမှာမဟုတ်ပါဘူး။ လောကမှာ အောင်မြင်ပျော်ရွှင်တဲ့အခိုက်အတန့်တွေလည်းရှိနိုင်သလိုတစ်ခါတစ်ရံကံကွက်ကျားလို့ ကိုယ့်မှာအခက်အခဲတွေနဲ့ပဲ လုံးပန်းနေရ တာမျိုးလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒါကိုသည်းမခံနိုင်ဘဲကိုယ်ပိုင်ဆိုင်ထားတဲ့ဘဝကတော့ ပင်ပန်းဆင်းရဲလိုက်တာ၊ တခြားသူတွေရဲ့ဘဝကတော့ သာယာအေးချမ်းလိုက်တာဆိုပြီးစိတ်ညစ်နေတဲ့သူတွေရှိတတ်ပါတယ်။ ဒါပေမယ့်သေချာစဉ်းစား ကြည့်မယ်ဆိုရင် ကိုယ့်ဘဝဆိုတာကိုယ့်ရှင်သန်ခွင့်ရတဲ့တစ်သက်တာအတွက် ဘုရားကပေးထားတဲ့အကောင်းဆုံးသော လက်ဆောင်ပါပဲ။ ကိုယ့်ဘဝရှိနေသေးသရွေ့ ကိုယ့်အနေနဲ့ ကောင်းမွန်ခြင်းတွေရလာအောင် ကြိုးစားနိုင်တယ်။ အကောင်းဆုံး တွေဖြစ်လာအော