Padamyar FM

ဒီနေ့အတွက်စကား

Informações:

Sinopsis

We always work for a better tomorrow. But when tomorrow comes, instead of enjoying, we again think of a better tomorrow! Let’s have a better today! ကျွန်တော်တို့အားလုံးဖြစ်ပျက်နေတတ်တဲ့အဖြစ်အပျက်တစ်ခုကို မီးမောင်းထိုးပြောပြထားတဲ့စကားတစ်ခွန်းဖြစ် ပါတယ်။ ကျွန်တော်တို့လူသားတွေ လောကမှာရှင်သန်ရုန်းကန်နေကြတာဟာ ဘာအတွက်ကြောင့်လဲလို့မေးရင် မနက်ဖြန်မှာ ပိုမိုကောင်းမွန်ခြင်းတွေကို ပိုင်ဆိုင်ချင်ကြလို့ အခုလိုကြိုးစားလုပ်ဆောင်နေကြတာလို့ ဖြေကြပါလိမ့်မယ်။ မရောက်သေးတဲ့ အနာဂတ်အချိန်တစ်ခုဖြစ်တဲ့မနက်ဖြန်တွေအတွက် ကျွန်တော်တို့တွေ ဒီနေ့တိုင်း ဒီနေ့တိုင်းမှာ နေ့စဉ်နဲ့အမျှရုန်းကန်နေကြပါ တယ်။ ဒီနေ့ကိုယ့်မှာမရှိသေးတဲ့အရာတွေ မနက်ဖြန် ကိုယ့်လက်ဝယ်ရောက်လာစေဖို့အတွက် ကျွန်တော်တို့တတွေ မောလို့ မော ရမှန်းမသိအောင်ကို ကြိုးစားရုန်းကန်နေကြရပါတယ်။ အခုလက်ရှိပစ္စုပန်အခြေအနေတိုင်းကပေးလာတဲ့အခွင့်အရေးတိုင်းကို လက်ဆုပ်လက်ကိုင်ပြုလို့ အကောင်းဆုံးရပ်တည်ကြပါတယ်။ ဒါပေမယ့် မနက်ဖြန်ဆိုတာက နေ့စဉ်တိုင်းမှာ ရောက်လာတဲ့အခါ မှာလည်း ကျွန်တော်တို့ရဲ့ ကြိုးစားမှုတွေက ရပ်သွားလားဆိုတော့လည်း မဟုတ်ပြန်ပါဘူး။ မနေ့အတွက် မနက်ဖြန်ဖြစ်ခဲ့တဲ့ ဒီနေ့ ဟာ ကြိုးစားရုန်းကန်နေတဲ့