Padamyar FM

ဒီနေ့အတွက်စကား

Informações:

Sinopsis

Being negative only cause depression. So hold your head up high, put a smile on your face and go live a positive way. မကောင်းမြင်တတ်တဲ့စိတ်ကြောင့် ဖြစ်တတ်တဲ့ ဆိုးကျိုးကိုပြောပြထားပြီး အကောင်းမြင်တတ်တဲ့စိတ်ကို မွေးမြူနေထိုင်ဖို့ အတွက် တိုက်တွန်းထားတဲ့ စကားတစ်ခွန်းဖြစ်ပါတယ်။ မကောင်းမြင်တတ်တဲ့စိတ်၊ ပြောရမယ်ဆိုရင် အပျက်သဘော အရင်းခံတဲ့စိတ်ကအရာတိုင်းကိစ္စတိုင်းမှာဘယ်သူမှားတယ်၊ ဘယ်သူအပြစ်ရှိတယ်ဆိုတဲ့အရာတွေကိုပဲ ရှာဖွေပေးလေ့ရှိ ပါတယ်။ ဒါပေမယ့် တခါတလေ မှာတစ်ချို့သောကိစ္စရပ်တွေက တရားခံရှာဖို့ထက် အကောင်းဆုံးဖြေရှင်းပြေလျော့သွားဖို့လိုအပ်ပါတယ်။ ဖြေရှင်းပြေလျော့သွားရယ့် ကိစ္စရပ်တွေမှာ မကောင်းမြင်တတ်တဲ့ အပျက်သဘော စိတ်နေစိတ်ထားနဲ့ ပြဿနာကိုမကြီးကြီး အောင် မီးလောင်ရာကိုလေကပါပင့်လိုက်တဲ့အခါမှာတော့ ပြဿနာကမလိုလားအပ်ဘဲ ပွားသွားတာ၊ ကြီးမားပြီးဖြေရှင်းရ ပိုပြီးခက်ခဲသွားတာမျိုးတွေဖြစ်တတ်ပါတယ်။ တကယ်တော့ တစ်ချို့သောကိစ္စရပ်တွေဟာ မည်သူတစ်ဦးတစ်ယောက်ကိုမှ နစ်နာစေလိုသောစိတ်မရှိပါဘဲနဲ့ မတော်တဆဆိုသလို ဖြစ်ပျက်သွားတာတွေလည်းရှိတတ်တာ ကိုမေ့မထားသင့်ပါဘူး။ အဲဒီလိုမတော်တဆကိစ္စရပ်အဖြစ်အပျက်တွေကိုမကောင်းမြင်တတ်ခြင်းက တရားခံဘယ်သူဆိုတာကိုပဲ အတင်း