Padamyar FM
ဒီနေ့အတွက်စကား
- Autor: Vários
- Narrador: Vários
- Editor: Podcast
- Duración: 0:03:00
- Mas informaciones
Informações:
Sinopsis
Always remember to fall asleep with a dream and wake up with a purpose. ဒီစကားကတော့ ကျွန်တော်တို့လူသားတွေအနေနဲ့ နေ့စဉ်ဘဝနေထိုင်မှုမှာ အိပ်ရာဝင်တဲ့အချိန်နဲ့ အိပ်ရာကနိုးထလာတဲ့ အချိန်မှာ ဘာတွေ ကိုလုပ်ဆောင်သင့်သလဲဆိုတာကိုပြောပြထားတဲ့စကားတစ်ခွန်းဖြစ်ပါတယ်။ ဒီစကားထဲကအတိုင်း ဆိုရင်တော့ အိပ်ရာ ဝင်တဲ့ အချိန်တိုင်းမှာအိပ်မက်တစ်ခုမက်ဖို့ သတိရပါလို့ ပြောထားပါတယ်။ အဓိကဆိုလိုချင်တာကတော့ ကိုယ့်မှာ မျှော်လင့်ချက်တွေ လုပ်ဆောင်ရမယ့် လုပ်ငန်းဆောင်တာတွေကိုကိုယ့်ရဲ့အသိစိတ်ထဲမှာမျက်ခြေမပြတ်ဖို့လိုအပ်တယ် ဆိုတဲ့အကြောင်းကိုပြောပြ ထားတာဖြစ်ပါတယ်။ တကယ်တော့ အိပ်မက်ဆိုတာနေ့ဘက် လှုပ်ရှားသွားလာရတဲ့အချိန်အတွင်းမှာကိုယ့်စိတ်ထဲမှာ ဖြစ်တည် နေတဲ့ အဖြစ်အပျက် တွေကနေ ပြန်လည်ပုံရိပ်ထင် မြင်မက်ခြင်းသာဖြစ်ပါတယ်။ ဒါကြောင့် ကိုယ့်စိတ်ထဲမှာကိုယ့်ဘဝအတွက် ပန်းတိုင်တွေ လုပ်ဆောင်စရာတွေရှိနေတဲ့သူကကိုယ့်ရဲ့အိပ်မက်ထဲမှာလည်းအဲဒီပန်းတိုင်တွေ လုပ်ဆောင်စရာတွေကပါလာ တတ်ပါတယ်။ ထို့အတူပဲနေ့ဘက်မှာကိုယ်ကြုံတွေ့ရတဲ့အခက်အခဲတွေရဲ့ ဖြေရှင်းနည်းတွေကိုလည်းကိုယ့်ရဲ့အိပ်မက်ထဲမှာ တစ်ခါတစ်ရံမှာ ရှာဖွေတွေ့ရှိတတ်ပါသေးတယ်။ ဒါပေမယ့် သတိထားရမှာတစ်ခုကတော့ ဘယ်အရာမှာပဲဖြစ်ဖြစ် တစ်ဖက်