Padamyar FM

  • Autor: Vários
  • Narrador: Vários
  • Editor: Podcast
  • Duración: 127:25:23
  • Mas informaciones

Informações:

Sinopsis

Wherever you go PadamyarFM will be there with you...

Episodios

  • ပြောကြည့်

    05/12/2020 Duración: 15min

    လူငယ်တွေရဲ့ လွတ်လပ်စွာတွေးခေါ်မှုတွေကို သိရှိခံစားရမယ့် ပြောကြည့် အစီအစဉ်..... ဒီတစ်ပတ် ပြောကြည့် အစီအစဉ်မှာတော့ "သီချင်းကြိုက်တဲ့ လူငယ်တွေကို လက်ရှိဘယ်လိုသီချင်းတွေ နားထောင်ဖြစ်လဲ၊ ပြည်တွင်းလား ၊ international song တွေလား၊ မတူကွဲပြားတဲ့ အကြိုက်တွေက ဘာတွေလဲ"ဆိုတာ ကိုပရိသတ်များထံမေးမြန်းထားပါတယ်။ ပရိသတ်များ ရင်ထဲက စိတ်ကူးအတိုင်းပြောထားကြတဲ့ ပြောကြည့် အစီအစဉ် ပဲဖြစ်ပါတယ်....... ဒီအစီအစဉ်လေးကို Radio မှာနားဆင်နိုင်သလို Padamyar FM Website & Mobile Application တွင်လည်းနားဆင်နိုင်ပါတယ်....

  • ဒီနေ့အတွက်စကား

    05/12/2020 Duración: 03min

    Success is a vehicle, which moves on a wheel named hard work, but the journey is impossible without the fuel named self confidence. အောင်မြင်ခြင်းတဲ့။ လူတိုင်းလူတိုင်းသည်းခြေထဲကနေအထိ လိုချင်မက်မောကြတဲ့ စိတ္တဇနာမ်တစ်ခုပါ။ လုပ်ငန်းခွင် ထဲ က လူကလည်း သူ့လုပ်ငန်းခွင်မှာ ရာထူးမြင့်မြင့်မားမား လစာကောင်းကောင်းနဲ့ အောင်မြင်ချင်ကြတယ်။ ကျောင်းတတ်နေတဲ့သူ ကလည်း ဖြေဆိုသမျှစာမေးပွဲတွေမှာ ထူးချွန်ပြောင်မြောက်စွာနဲ့ အောင်မြင်ချင်ကြတယ်။ အနုပညာသမားတွေကလည်း သူ ဖန်တီးတဲ့အနုပညာကို ပရိသတ်တွေက လက်ခုတ်သြဘာပေးချီးမြောက်လို့ လက်ခံအားပေးတဲ့အထိ အောင်မြင်ချင်ကြတယ်။ လူတိုင်းလူတိုင်းအောင်မြင်ချင်ကြတဲ့သူတွေချည်းပဲဆိုရင် လွန်မယ်မထင်ပါဘူး။ ဒါပေမယ့် နယ်ပယ်တစ်ခုတည်းမှာအတူတူ လုပ်ကိုင်နေကြတဲ့သူအချင်းချင်းတောင်မှ အောင်မြင်တဲ့သူက အောင်မြင်ပေမယ့် ထင်သလောက်မအောင်မြင်တဲ့သူက မအောင် မြင်ပါဘူး။ သေချာတာကတော့ အောင်မြင်ချင်တဲ့သူက တခြားသူထက်ပိုပြီးကြိုးစားရပါမယ်။ တခြားသူတစ်လှမ်းလှမ်းရင် သူက နှစ်လှမ်းမကလှမ်းရပါမယ်။ ဘယ်အရာမှာမှ အလကားသက်သက် ပေးဆပ်မှုမရှိဘဲ အောင်မြင်လာမှာ မဟုတ်ပါဘူး။ ကိုယ့်မှာ ရှိတဲ့ခွန်အားနဲ့အညီ ကြိုးစားအားထုတ်မှုကို ပံ့ပိုးလို့ ထူးချွန်အောင်

  • ဒီနေ့အတွက်စကား

    04/12/2020 Duración: 03min

    Everyone you meet is fighting a battle you know nothing about. Be kind. Always. လူ့လောကရဲ့အရေးပါအရာရောက်တဲ့ကိစ္စတစ်ခုဖြစ်တဲ့ ပေါင်းသင်းဆက် ဆံရေးအတွက် ရည်ညွန်းပြောဆိုထားတဲ့စကားတစ်ခွန်းပါ။ လောကမှာ တစ်ဦးနဲ့တစ်ဦး ပေါင်းသင်းဆက်ဆံတဲ့ နေရာမှာ ကြင်နာသနားတတ်ဖို့လိုပါတယ်။ ကိုယ်ပြောလိုက်တဲ့စကားတစ်ခွန်းကြောင့် တပါးသူထိခိုက်နစ်နာသွားပြီဆိုရင် ကိုယ်နဲ့သူနဲ့ကြားက ဆက်ဆံရေးမှာ အက်ကြောင်းတစ်ခုဖြစ်သွားပါပြီ။ တကယ်တော့ လောကကြီးမှာ ရှင်သန်နေထိုင်ကြတဲ့ လူသားတိုင်း လူသားတိုင်းမှာ ကျွန်တော်တို့တတွေ ဘယ်လိုနည်းနဲ့မှ မသိနိုင်တဲ့ တွေးလို့တောင်မကြည့်ဖူးတဲ့ အခက်အခဲပေါင်းစုံ၊ ဒုက္ခပေါင်းစုံကို သူတို့ဘဝနဲ့သူတို့က ဖြတ်ကျော်နေကြဖြေရှင်းနေကြရတာပါ။ ကိုယ်ကတော့ မသိလို့ပြောလိုက်တဲ့စကားတစ်ခွန်း ဟာ သူ့အတွက်တော့ တကယ့်ကိုစိတ်ဓါတ်ကျသွားမယ့် စိတ်မှာနာနာကျည်းကျည်းခံစားသွားရမယ်ဆိုရင် အဲဒီလိုစကားမျိုးကို မပြောလိုက်တာက အကောင်းဆုံးပါပဲ။ အလုပ်ခွင်တစ်ခုမှာ အခုမှအလုပ်စဝင်တဲ့အလုပ်သင်တစ်ယောက်ကို မင်းဒါလေး တောင် မတတ်ဘူးလားဆိုပြီး ဆူပူကျိန်းမောင်းတာမျိုးတွေကို မတော်တဆဆိုသလို ပြောမိတတ်ကြပါတယ်။ ကိုယ်လုပ်လိုက်ရင် လွယ်လွယ်ကူကူပြီးမြောက်ပေမယ့် သူလုပ်လိုက်လို့ တစ်ခုခု

  • ဒီနေ့အတွက်စကား

    03/12/2020 Duración: 03min

    Trust the timing of everything. Just because it’s not happening right now doesn’t mean it never will. လုပ်ကိုင်သမျှမှာအောင်မြင်မှု၊ ဖြစ်မြောက်မှု နဲ့ အကျိုးရလာဒ်မရှိလို့ စိတ်ဓါတ်ကျ အားငယ်နေတဲ့သူတွေအတွက် အားပေးထားတဲ့စကားတစ်ခွန်းပါ။ တစ်ချို့လူတွေအနေနဲ့ လုပ်ငန်းကိစ္စတွေကို ကြံစည်လုပ်ကိုင် တဲ့ အခါမှာစိုက်ထုတ်လိုက်ရတဲ့ အားနဲ့ ပြန်လည်ရရှိလိုက်တဲ့ ရလာဒ် ကတ္တားချကြည့်တဲ့အခါမှာကိုယ်အားစိုက်ထုတ်သလောက် ဖြစ်မြောက်မှုက နည်းနေတာမျိုးတွေ ကြုံတွေ့ရဘူးမှာပါ။ ကိုယ့်ဘက်ကအကောင်းဆုံးလုပ်ဆောင်ကြိုးပမ်းပေးလိုက်ပေမယ့် တစ်စုံတစ်ရာကြောင့် ရလာဒ်ကအကောင်းကနေသွေဖီသွားတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ အဲဒီလိုအဖြစ်မျိုးနဲ့ တွေ့ကြုံရသူအဖို့ စိတ်ပျက်အားငယ်မှုဖြစ်မှာအသေအချာပါပဲ။ ကိုယ်ဒီလောက်တောင်ကြိုးစားထားရက်နဲ့ လုပ်သမျှအရာမထင်တာကိုလူတော် တော်များများခံနိုင်ရည်မရှိကြပါဘူး။ ကိုယ့်စိတ်ထဲမှာကိုယ်များညံ့လို့လားဆိုတဲ့ စိတ်ဓါတ်ကျမှုတွေ၊ မလုံမလဲဖြစ်မှုတွေ ခံစားရတတ်ပါတယ်။ ကိုယ်ဒီလောက်တောင်ကြိုးစားလာတာသဲထဲရေသွန်သလောက်တောင် အရာမထင်ဘူးဆိုတဲ့စိတ်ဟာ ကြိုးစားချင်စိတ်ကိုဟိုးအောက်ကိုဆွဲခေါ်သွားမှာပါ။ ဒါပေမယ့် ပြန်လည်စဉ်းစားတွေးခေါ်ကြည့်ပါ။ အခုလိုမအောင်မမြင် ဖြ

  • Knowledge in 3 mins

    02/12/2020 Duración: 03min

    ခန္ဓာကိုယ်ကျန်းမာဖို့ အစာအာဟာရတွေ မျှတဖို့လိုအပ်သလို တွေးခေါ်နိုင်စွမ်းတွေ မြင့်မားဖို့ ဗဟုသုတတွေဖြည့်ဖို့ လိုအပ်ပါတယ်... မိမိကိုယ်ကို ချစ်တယ်ဆိုရင် အချိန် (၃)မိနစ်ပဲပေးပါ... အာဟာရဆိုင်ရာ ဆရာ၀န် တစ်ယောက်ဖြစ်တဲ့ ဒေါက်တာ ကြယ်စင်ယုမွန် မှ "ပိန်လွန်းတဲ့သူတွေ ဘာတွေလုပ်သင့်လဲ၊ ဘာတွေဆောင်သင့်လဲ၊ ရှောင်သင့်လဲ" ဆိုတဲ့အကြောင်းကို ဝေမျှပေးထား တာဖြစ်ပါတယ်... Knowledge in 3 mins ကို ပတ္တမြား FM တွင် Wednesday  11:25 AM နှင့် Sunday 11:10 AM တို့တွင် ထုတ်လွှင့်ပေးသွားမှာဖြစ်လို့ စောင့်မျှော်နားဆင်နိုင်ပါပြီ။ #padamyarfm #FM #myanmarfm #Knowledge_in_3Minutes

  • ဒီနေ့အတွက်စကား

    02/12/2020 Duración: 03min

    I’d rather make a thousand mistakes trying for a better life, not to die not making any mistakes at all. ဘာအမှားမှမလုပ်ဘဲသေဆုံးလိုက်ရမှာထက် ပိုကောင်းတဲ့ဘဝအတွက်ကြိုးစားရင်း အမှားပေါင်းတစ်ထောင်ပြုလုပ်လိုက်ရတာကို ပိုခုံမင်ပါတယ်။အရာခပ်သိမ်းပြီးပြည့်စုံနိုင်ခြင်းမရှိတဲ့ အမှားနဲ့ မကင်းတဲ့လူသားတွေအတွက် ရည်ညွန်းပြောဆိုထားတဲ့စကားတစ်ခွန်းပါပဲ။ ဘယ်သူမှ မိဘကမွေးလိုက်တဲ့အချိန်ကတည်းက ပညာတွေတတ်သိနားလည်နေတဲ့သူမရှိပါဘူး။ ဒါကြောင့် လုပ်ရင်းကိုင်ရင်းနဲ့ မှားကြမှာပါပဲ။ အမှားနဲ့ လူသားမကင်းတဲ့ လောက ကြီးမှာ အမှားနဲ့နည်းအောင် မှားတဲ့အမှားကို မှန်အောင်လုပ်လို့ပဲရပါတယ်။ အမှားနဲ့ကင်းအောင်လုပ်လို့ရနိုင်တာ တစ်ခုပဲရှိ ပါတယ်။ အဲဒါကတော့ ဘာဆိုဘာမှမလုပ်တာပါပဲ။ ဘာမှမလုပ်တဲ့အတွက် ဘဝမှာဘာမှလည်းဖြစ်လာမှာမဟုတ်ပါဘူး။ တိုးတက် လာတဲ့ကမ္ဘာကြီးမှာ ကိုယ်တစ်ယောက်တည်းအမှားနဲ့ကင်းဖို့ ဘာဆိုဘာမှမလုပ်ဘဲနေရင်း အသက်သာသေသွားမယ်။ ဒုံရင်းက ဒုံရင်းမကလို့ ဘဝမှာ ကြီးပွားတိုးတက်ဖို့ဝေလာဝေးလို့ အနှုတ်လက္ခဏာသာ ပြပြီးရင်းပြလို့ အောင်မြင်မှုဇယားရဲ့ ဟိုးအောက် ခြေမကအဝီစိအထိရောက်နိုင်ပါတယ်။ ဒါကြောင့် နားဆင်နေကြတဲ့သောတရှင်တွေလည်း သေသေချာချာစဉ်းစားဖို့လိုပါတယ်။ ကိုယ်က အမျာ

  • Let's Do It

    01/12/2020 Duración: 03min

    နေ့စဉ် လူမူဘဝမှာကြုံတွေ့ရတဲ့ အခက်အခဲတွေအတွက် အကြံပြုချက်လေးတွေကို မျှဝေပေးသွားမယ့် Let's Do It အစီအစဉ်..... ဒီတစ်ပတ်မှာတော့ မငုဝါနှင့် ဇွဲမာန်တို့က လွယ်ကူပြီး လက်တွေ့အသုံးပြုလို့ရမယ့် ဘယ်လိုနည်းလမ်းလေးတွေ ဝေမျှထားလဲဆိုတာကို ဗဟုသုတဖြစ်ဖွယ် နားဆင်ရမှာ ဖြစ်ပါတယ်... Let's Do It အစီအစဉ်ကို Tuesday, Thursday, Friday ၊ မနက် 11:10 အချိန်တွင် စောင့်မျှော်နားဆင်နိုင်ပါတယ်....

  • THE LIFE

    01/12/2020 Duración: 15min

    ဘဝမှာသေခြင်းနဲ့ရှင်ခြင်းကြားက ဖြတ်သန်းရမယ့် နေ့ရက်တွေအတွက် အသင့်ဖြစ်နေဖို့ The Life အစီအစဉ်ကစောင့်ကြိုနေပါတယ်..... ဒီတစ်ပတ်မှာကော ဘယ်သူရဲ့ဘဝ အမှတ်တရ၊ ဒဿန တွေကို နားဆင်ရမှာလဲ...? တေးသီချင်းတွေကို အသံခိုင်ခိုင်မာမာနဲ့ အားပါးတရ သီဆိုလေ့ရှိသူ၊ တေးသီချင်းတွေကို မြတ်နိုးသူ၊ ဂီတကို ချစ်ခင်သူ တေးသံရှင် Rဇာနည် ရဲ့ ဖြတ်သန်းခဲ့ရတဲ့ ဘဝအကြောင်းကို နားဆင်ရမှာ ဖြစ်ပါတယ်......

  • ခေတ်လူငယ်

    01/12/2020 Duración: 15min

    ပရိသတ်များအားလုံး မင်္ဂလာပါ... ခု တင်ဆက်ပေးမဲ့ အစီအစဉ်က ခေတ်လူငယ် ဆိုတဲ့အတိုင်း ဒီနေ့အစီအစဉ်မှာ ကွဲပြားခြားနားပြီးတော့ ထူးခြားစုံလင်တဲ့ အကြောင်းအရာတွေ ကိုယ့်အနီးအနားနဲ့ ကိုယ့်ပတ်ဝန်းကျင် ...ဒါ့အပြင် ကိုယ်မသိသေးတဲ့ ဖြစ်ပျက်ပြောင်းလဲနေတဲ့ အဖြစ်အပျက်အဖုံဖုံကို သုတ ၊ ရသ စုံလင်စွာနဲ့ တင်ဆက်ပေးသွားမှာပါ...  ယခုတစ်ပတ်အတွက် တွေ့ဆုံမေးမြန်းထားကတော့ မြန်မာနိုင်ငံရဲ့ လူငယ် Beat-boxer တစ်ဦးဖြစ်တဲ့ စည်ဖြိုးမင်း ပဲဖြစ်ပါတယ်... ကဲ ဒီတော့ အားလုံးပဲ ခေတ်နဲ့အဆက်မပြတ်ရအောင် ခုပဲ နားဆင်ကြည့်လိုက်ပါနော်....

  • ဒီနေ့အတွက်စကား

    01/12/2020 Duración: 03min

    Today’s a perfect day for a whole new start. Let go of fear and free your mind. It’s time to open your heart. ဒီနေ့က အကောင်းဆုံးသောစတင်ခြင်းတွေကို ပြုလုပ်ရမယ့် ပြည့်စုံတဲ့နေ့ပါ။ ကြောက်ရွံ့စိတ်တွေကို ဖယ်ရှားလို့ စိတ်ကို လွတ် လွတ်လပ်လပ်ထားပါ။ နှလုံးသားကို ဖွင့်လှစ်ဖို့အချိန်တန်ပါပြီ။ဒီစကားကတော့ ကိစ္စရပ်တစ်ခုကို စတင်ဖို့ မဝံ့မရဲဖြစ်နေတဲ့သူတွေအတွက် အားပေးတဲ့စကားတစ်ခွန်းပါ။ တစ်ချို့လူတွေက ကိစ္စရပ်အသစ်တစ်ခုကို စွန့်ဦးလုပ်ကိုင်ဖို့ဆိုရင် မဝံ့မရဲဖြစ်တတ်ကြ၊ ကြောက်ရွံ့တတ်ကြပါတယ်။ တကယ်တော့ စွန့်ဦးတီထွင်မှုဆိုတာ တကယ့်ကိုမှ ကောင်းမွန်တဲ့လုပ်ငန်းတစ်ခုပါ။ ဘယ်သူမှ မလုပ်ဆောင်ရသေးတဲ့အရာဖြစ် တဲ့ အတွက် စလယ်ဆုံး ကိုယ့်စိတ်နဲ့ကိုယ်လုပ်လို့ရပါတယ်။ မှားသွားရင်လည်း ကိုယ့်အတွက်ပညာရပါတယ်။ မှန်သွားရင်တော့ အတိုင်းထက်အလွန် ကိုယ့်ရဲ့သမိုင်းမှာ လူတော်တစ်ယောက်ဖြစ်ခွင့်လည်းရှိသွားနိုင်ပါတယ်။ ကိစ္စရပ်တစ်ခုကို စတင် ဖို့ ဒီနေ့ဟာ အကောင်းဆုံးနေ့ဆိုတာကို နေ့စဉ်နေ့တိုင်း စိတ်ထဲမှာ စွဲစွဲမြဲမြဲတွေးထင်ပါ။ ကိုယ့်ကိုကိုယ်ယုံကြည်မှုဆိုတာ ကိုယ်တိုင်တည်ဆောက်ယူရတဲ့အရာဖြစ်တဲ့အတွက် ကိုယ်စိတ်ထဲမှာ လေးနက်တည်ကြည်မှုကို အခိုင်အမာတည်ဆောက်ပါ။ မဝံ့မရဲစိတ်တွေ၊ ဖြ

  • နိုင်ငံတကာသတင်းသုံးသပ်ချက်

    30/11/2020 Duración: 11min

    နိုင်ငံတကာသတင်းသုံးသပ်ချက် အစီအစဉ်မှာတော့ ပတ္တမြား FM မှ ကျွန်တော် ဇွဲမာန်နဲ့ အတူ ဒေါက်တာ တင့်ဆွေ (ပဲခူး) တို့က ဆွေးနွေး တင်ဆက်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျာ . . . . ပြီးခဲ့တဲ့အပတ်က တင်ဆက်ပေးခဲ့တဲ့ "Covid 19 ကာကွယ်ဆေးအကြောင်း " ကို ဆက်လက် ဆွေးနွေးတင်ပြပေးမှာဖြစ်ပါတယ်။  

  • အစိမ်းရောင်ချစ်သူ

    30/11/2020 Duración: 10min

    အစိမ်းရောင်ချစ်သူ အစီအစဉ်ကို တင်ဆက်ပေးတော့မှာ ဖြစ်ပါတယ်။ ဒီတစ်ပတ်မှာတော့ ပရိသတ်များအတွက် သန့်ရှင်းတဲ့ ပတ်ဝန်းကျင်ဖြစ်အောင် အမှိုက်တွေကို စည်းကမ်းတကျ စွန့်ပစ်သင့်ကြောင်းနှင့် Japan နိုင်ငံမှ electronic စွန့်ပစ်အမိူက်တွေကနေ လိုအပ်တဲ့ သတ္တုထုတ်မယ့်အကြောင်းတွေကို မျှဝေပေးထားပါတယ်...

  • ဒီနေ့အတွက်စကား

    30/11/2020 Duración: 03min

    Success seems to be connected with action. Successful people keep moving. They make mistakes, but they don’t quit. အောင်မြင်ခြင်းဆိုတာ လုပ်ဆောင်ခြင်းနဲ့ ဆက်နွယ်နေပါတယ်။ အောင်မြင်တဲ့သူတွေအားလုံး ဆက်လက်လုပ်ဆောင်နေကြပါ တယ်။ အမှားတွေလည်း လုပ်ခဲ့ကြပါတယ်။ ဒါပေမယ့် သူတို့တတွေ ရှောင်မထွက်ကြပါဘူးတဲ့။ ဒီစကားကတော့ အမှားနဲ့မကင်း ကြတဲ့လူသားတွေအတွက် သိထားစရာစကားတစ်ခွန်း၊ အောင်မြင်ဖို့ ရုန်းကန်နေရင်းနဲ့ အားလျော့နေကြတဲ့သူတွေအတွက် သိထားစရာစကားတစ်ခွန်းပါ။ ဒီစကားထဲကအတိုင်းပါပဲ။ လူသားတိုင်း လူသားတိုင်းအမှားနဲ့ မကင်းကြပါဘူး။ အရာခပ်သိမ်းပြီးပြည့်စုံခြင်း မရှိတဲ့လူသားတွေအဖို့ လုပ်ရင်းကိုင်ရင်း တစ်ချိန်မဟုတ် တစ်ချိန် တစ်ကွေ့မဟုတ်တစ်ကွေ့မှာ မှားယွင်းမှုတွေကို ကြုံတွေ့ရနိုင်ပါတယ်။ လူဆိုတာ မှားမှာပါပဲ။ မှားမှာ ဆိုးပြီး မလုပ်ရင်ဘာ မှလည်း တတ်မှာ မဟုတ်တော့ပါဘူး။ ဒါကြောင့် ကိုယ့်အလုပ်မှာ ကိုယ်ကမှားယွင်းမှုတွေ လုပ်မိပြောမိတယ်ဆိုရင် စိတ်ဓါတ် မကျပါနဲ့။ လူတိုင်းမှားယွင်းဖူးပါတယ်။ အထူးသဖြင့် အလုပ်လုပ်တဲ့သူတွေက ပိုပြီးမှားတတ်ကြပါတယ်။ ကိုယ်လုပ်လိုက်လို့ မှား သွားတယ်ဆိုပြီး အဲဒီအလုပ်ကို ဆက်မလုပ်ဘဲ ရပ်ပစ်လိုက်တာကသာ အမှားပေါ်အမှားဆင့်တာပါ။ တကယ်တ

  • ဒီနေ့အတွက်စကား

    29/11/2020 Duración: 03min

    Happiness is a choice, not a result. Nothing will make you happy until you choose to be happy. လူသားတိုင်းလူသားတိုင်း ပျော်ရွှင်ချမ်းမြေ့လိုကြပါတယ်။ ဘဝရဲ့ စားဝတ်နေရေးဝဲဂယက်ထဲမှာ လူးလွန့် ကူးခတ်ရင်းနဲ့ ပျော်ရွှင်မှုကို ရှာဖွေကြပါတယ်။ အခုနားဆင်နေကြတဲ့ သောတရှင်တွေမှာလည်း ပျော်ရွှင်ချမ်းမြေ့တဲ့ဘဝကို မလိုချင်တဲ့သူ မရှိလောက်ဘူးဆိုတာကို ထင်ပါတယ်။ ဒါပေမယ့် လူတွေအထင်မှားနေတာ တစ်ခုကတော့ အလုပ်ကိစ္စတွေ ပြီးမြောက်အောင်မြင်ဖို့ ကျားခုတ်ကျားခဲ ကြိုးစားပြီး နောက်ဆုံး အဆုံးသတ်မှာတော့ ပျော်ရွှင်ခြင်းဆိုတဲ့ အရာကို တွေ့ရလိမ့်မယ်လို့ ယုံကြည်မျှော်လင့် နေကြတာပါ။ ကိစ္စရပ်တိုင်းကို လုပ်တော့မယ်ဆိုရင် အဆုံးသတ်မှာ ကိုယ့်အတွက် ပျော်ရွှင်စရာ ဘယ်လောက်ရှိမလဲဆိုတာကို ခန့်မှန်းကြပါတယ်။ တကယ်တော့ အဲဒီအချက်ကမှန်မလိုလိုနဲ့ မှားနေတဲ့ အရာပါ။ တကယ်တော့ ပျော်ရွှင်ခြင်းဆိုတာ ရလာဒ် တစ်ခုမဟုတ်ပါဘူး။ ကိစ္စရပ်တစ်ခုခုကို ပြုလုပ်အောင်မြင်သွားရင် ရလာမယ့်အရာက ရလာဒ်ပါ။ အဲဒီရလာဒ်က လွတ်လပ် ပေါ့ပါ့း ခြင်းအဓိပာယ်ကိုတော့ ဆောင်ချင်ဆောင်ပါလိမ့်မယ်။ ဒါပေမယ့် အဲဒါ ပျော်ရွှင်ခြင်း မဟုတ်ပါဘူး။ လူတွေက အထင်အမြင်လွဲပြီး ပျော်ရွှင်ခြင်းနဲ့အမြန်ဆုံးနီးရအောင်အလုပ်ကို မြန်မြ

  • ပြောကြည့်

    28/11/2020 Duración: 15min

    လူငယ်တွေရဲ့ လွတ်လပ်စွာတွေးခေါ်မှုတွေကို သိရှိခံစားရမယ့် ပြောကြည့် အစီအစဉ်..... ဒီတစ်ပတ် ပြောကြည့် အစီအစဉ်မှာတော့ "သီချင်းကြိုက်တဲ့ လူငယ်တွေကို လက်ရှိဘယ်လိုသီချင်းတွေ နားထောင်ဖြစ်လဲ၊ ပြည်တွင်းလား ၊ international song တွေလား၊ မတူကွဲပြားတဲ့ အကြိုက်တွေက ဘာတွေလဲ"ဆိုတာ ကိုပရိသတ်များထံမေးမြန်းထားပါတယ်။ ပရိသတ်များ ရင်ထဲက စိတ်ကူးအတိုင်းပြောထားကြတဲ့ ပြောကြည့် အစီအစဉ် ပဲဖြစ်ပါတယ်....... ဒီအစီအစဉ်လေးကို Radio မှာနားဆင်နိုင်သလို Padamyar FM Website & Mobile Application တွင်လည်းနားဆင်နိုင်ပါတယ်....

  • ဒီနေ့အတွက်စကား

    28/11/2020 Duración: 03min

    I am thankful for all those difficult people in my life. They have shown me exactly who I do not want to be. စိတ်အမျိုးမျိုးရှိကြတဲ့ လူတွေနဲ့ ပေါင်းသင်းဆက်ဆံတဲ့အခါမှာ ကိုယ့်အတွက် အကျိုးပေးတဲ့သူတွေနဲ့ တွေ့ကြုံနိုင်သလို ကိုယ့် အတွက် ကောင်းကျိုးမပေးဘဲ စိတ်ဒုက္ခကိုသာပေးတဲ့သူမျိုးတွေနဲ့လည်း တွေ့ကြုံရမှာပါ။ အဲဒီလိုအခါမှာ လူသားဆန်တဲ့ စိတ် ဓါတ်ကြောင့် ကိုယ့်အပေါ် ကောင်းကျိုးမပေးတဲ့သူ တစ်နည်းပြောရရင် ဒုက္ခပေးတဲ့သူကို ကျွန်တော်အပါအဝင် လူတော်တော် များများကတော့ ကိုယ့်ကိုဒုက္ခရောက်စေတဲ့သူကို မနှစ်သက်ကြမှာအမှန်ပါပဲ။ ဒီစကားထဲမှာတော့ ကိုယ့်အတွက် ခက်ခဲစေတဲ့သူ၊ ကိုယ့်အပေါ်နစ်နာစေတဲ့သူတွေကို ကျေးဇူးတင်ဖို့ပြောထားပါတယ်။ ဘာလို့ပါလဲ။ ကိုယ့်ကိုဒုက္ခပေးတဲ့သူကို ကျေးဇူးတင်ရ မယ်ဆိုတော့ကာ ထူးဆန်းသလိုဖြစ်နေမှာပါ။ ဒါပေမယ့် သူ့ကြောင့် ကိုယ်ဒုက္ခရောက် တယ်ဆိုရင်တောင်မှ ကိုယ့်အတွက် ဒါဟာ သင်ခန်းစာတစ်ခုလို့ပဲမှတ်ပါ။ နောက်နောင်သူကြောင့် ဒုက္ခမဖြစ်စေအောင် ကိုယ်ကိုကိုယ် ထိန်းသိမ်းဖို့ လည်း လိုပါတယ်။ အထူးသဖြင့် လူတိုင်းကို ကိုယ့်စိတ်ထဲကအတိုင်းမမှတ်ဖို့၊ ကိုယ့်အတွက်ဘ၀ သင်ခန်းစာတစ်ခုကိုသင်ကြား ပေးတဲ့ ဆရာသမားအဖြစ်နဲ့ ကျေးဇူးတင်လိုက်ပါ။ သူတို့ရဲ့စရိ

  • Knowledge For All

    26/11/2020 Duración: 15min
  • Knwledge in 3 Mins

    25/11/2020 Duración: 03min
página 7 de 50