Padamyar FM

  • Autor: Vários
  • Narrador: Vários
  • Editor: Podcast
  • Duración: 127:25:23
  • Mas informaciones

Informações:

Sinopsis

Wherever you go PadamyarFM will be there with you...

Episodios

  • Superlative

    18/10/2020 Duración: 15min
  • ပြောကြည့်

    17/10/2020 Duración: 15min
  • ဒီနေ့အတွက်စကား

    16/10/2020 Duración: 03min

    Your mind is a powerful thing. When you fill it with positive thoughts, your life will being to change. ကျွန်တော်တို့တတွေရဲ့အတွင်းစိတ်ဆိုတာတကယ့်ကိုမှ အင်အားကြီးမားတဲ့အရာပါ။ လူရယ်လို့ဖြစ်လာရင် အတွင်း စိတ်ရယ် အပြင်ကိုယ်ရယ်ရှိတဲ့အထဲမှာအရာအားလုံးကိုဦးဆောင်နေတာကတော့ အတွင်းစိတ်ပါပဲ။ ကိုယ့်ဘဝကြီးကို လက်ရှိ အခြေအနေ ကထက်ပိုပြီး မြင့်တက်လာစေဖို့ တခြားသူတွေဘယ်လိုပဲအကြံတွေပေးပေးကိုယ့်စိတ်က လုပ်ချင်စိတ်မရှိသေးသရွေ့ ကိုယ့်ရဲ့ ကိုယ်ကလည်းလိုက်လုပ်မှာမဟုတ်သလို၊ ကိုယ့်စိတ်ထဲမှာ ဖြစ်ချင်တဲ့ဆန္ဒပြင်းပြလွန်းတဲ့အခါမှာလည်းမည်သူတစ်ဦး တစ်ယောက်ကမှ တားဆီးလို့မရတဲ့အထိလည်း ဖြစ်စေနိုင်ပါတယ်။ အဓိကကတော့ ကိုယ့်စိတ်ကိုကိုယ်ထိန်းချုပ်နိုင်ဖို့ပါပဲ။ ကောင်းတာလုပ်မိစေမှာလည်းကိုယ့်စိတ်ကြောင့်ပါပဲ။ အဆုံးစွန်းသောဆိုးသွမ်းမှုတွေကိုလုပ်မိစေမှာလည်းကိုယ့်စိတ်ကြောင့်ပါပဲ။ ဒါကြောင့် ကိုယ့်ရဲ့အတွင်းစိတ်ဆိုတာကိုယ်တိုင် ပီပီပြင်ပြင်ထိန်းချုပ်နိုင်မှ ကိုယ့်ရဲ့ဘဝအတွက် အခက်အခဲမရှိမှာပါ။ ကိုယ့်စိတ် ကိုတောင်ကိုယ်မနိုင်တဲ့သူတွေဟာဘယ်လိုနည်းနဲ့မှ တခြားသောအရာတွေကိုလည်းထိန်းချုပ်နိုင်စွမ်းရှိမှာ မဟုတ်ပါဘူး။ ဒါကြောင့် ကိုယ်ကကောင်းမွန်တဲ့အခြေအနေကောင်းမွန်တဲ့နေရာကိုလ

  • ဒီနေ့အတွက်စကား

    15/10/2020 Duración: 03min

    All life is an experiment. The more experiments you make the better. ဒီစကားကတော့ လောကမှာနေထိုင်ကြတဲ့သူတိုင်း ဖြတ်ကျော်နေရတဲ့အခက်အခဲတွေကို အခြေပြုပြီး ဖြစ်တည်လာတဲ့ စကား တစ်ခွန်းပါ။ ဘဝ။ စကားလုံးကတော့ နှစ်လုံးထဲပါ။ ဒါပေမယ့် အဲဒီဘဝဆိုတဲ့အရာဟာ ဖြတ်သန်းရမယ့် လူသားတိုင်း အတွက် တော့ စမ်းသပ်မှုတွေချည်းပါပဲ။ လူ့လောကရဲ့စမ်းသပ်မှုတွေ ဘဝရဲ့ပြဿနာတော်တော်များများရဲ့ အပေါ်ယံကို ကြည့်ရင် မတူကွဲပြားသယောင်ရှိပေမယ့် အရင်းအမြစ်ကို ကြည့်တဲ့အခါမှာတော့ ဖြေရှင်းပုံဖြေရှင်းနည်းတွေကတော့ တစ်ခါတစ်လေ သံတူကြောင်းကွဲတွေဖြစ်နေတတ်ပါတယ်။ ကိုယ့်ဘဝမှာ ကြုံခဲ့ဖူး၊ ဖြတ်ကျော်ခဲ့ဖူးတဲ့ စမ်းသပ်မှုတွေကို မှတ်သင့်တာတွေကို မှတ်ထားမယ်ဆိုရင်တော့ နောက်ကိစ္စကို ဖြေရှင်းတဲ့အခါမှာ လွယ်ကူနိုင်ပါတယ်။ ဒါကြောင့် ဘဝရဲ့ စမ်းသပ် မှုတွေကို မငြင်းဆန်လိုက်ပါနဲ့။ ကိုယ့်အနေနဲ့ စမ်းသပ်မှု တစ်ခုကို အောင်မြင်တယ်ဆိုရင် အဲဒီစမ်းသပ်မှုရဲ့ရလာဒ် အောင်မြင်ခြင်း အပါအဝင် စိတ်ကျေနပ်မှုကို ရရှိပိုင်ဆိုင်ပါလိမ့်မယ်။ တကယ်လို့ ကိုယ်က စမ်းသပ်မှုမှာ ခြေချော်လက်ချော် ကျရှုံးခဲ့တယ်ဆိုရင် လည်း စမ်းသပ်မှုကို ဖြေရှင်းနေတဲ့အချိန်အတွင်းမှာ ရလိုက်တဲ့ အတွေ့အကြုံတွေက ဘာနဲ့မှ လဲလို့မရတဲ့ အမြတ်ပါ

  • ဒီနေ့အတွက်စကား

    14/10/2020 Duración: 03min

    Storm doesn’t last forever. မုန်တိုင်းဆိုတာ အစဉ်ထာဝရမပြင်းထန်နိုင်ပါဘူး။ ဒီနေ့အတွက်စကားကိုတော့ မှတ်သားစရာအဆိုအမိန့်စကားတွေ အများ ကြီး တည်ရှိနေတဲ့ Power Of Positivity Web Page ကနေ ကောက်နှုတ်လို့ဝေမျှပေးခဲ့တာပဲဖြစ်ပါတယ်။ လောကမှာ လူးလာ ခေါက်တုန့်ရုန်းကန်ရှင်သန် နေကျတဲ့ လူသားတိုင်းလူသားတိုင်းအခက်အခဲဆိုတာနဲ့ တွေ့ကြုံရဖူးမှာပါ။ ကိုယ့်အတွက် ခဲ ယင်း လွန်းတဲ့ အခိုက်အတန့်တွေ လည်း ကြုံတွေ့ရမှာပါ။ တစ်ခါတစ်လေလောကရဲ့ရိုက်ပုတ်ချက်က ပြင်းထန်လွန်းတဲ့အခါ မှာ ခံနိုင်ရည် စွမ်းတွေကျဆင်းပြီး ဒီဘဝကြီးကို မနေချင်တော့တဲ့အထိလည်းခံစားရကောင်းခံစားရနိုင်ပါတယ်။ သန္ဒေစတည်ကတည်းကမိခင်ရဲ့ ဝမ်းကြာ တိုက်ကျဉ်းကျဉ်းလေး ထဲမှာခက်ခဲစွာနဲ့ ရှင်သန်နေခြင်းနဲ့စတင်သလို လူ့လောက အပြင်ဘက်ကိုရောက်တဲ့အချိန်မှာလည်း လောကရဲ့ စိတ်ခေါ်မှုပေါင်း များစွာကို ကျွန်တော်တို့တွေ ရင်ဆိုင်ရမှာပါ။ အထူးသဖြင့် အပြိုင်အဆိုင်များတဲ့ ဒီနေ့လိုခေတ်ကြီး မှာဆိုရင် လိုအပ်ချက်တွေ၊ လိုအင်ဆန္ဒတွေ၊ လိုလားချက်တွေကတစ်နေ့နဲ့ တစ်နေ့ တောင်မှ မတူညီအောင် များပြားလာပါတယ်။ ဒီလိုစိန်ခေါ်မှုပြင်းထန်တဲ့ လောကကြီးထဲမှာကိုယ့်အပေါ် ကံကြမ္မာရဲ့ ထိုးနှက်ချက် တွေ၊ မလိုသူတွေရဲ့ အကောက်ကြံခံရမှုတွေ စသည်ဖြ

  • Knowledge For All

    13/10/2020 Duración: 15min

    ဥာဏ်ကို ဥာဏ်ခြင်း ယှဉ်တဲ့ခေတ် New World..... ရင်ဆိုင်ယှဉ်ပြိုင်ဖို့အတွက် Are You Ready? အရာရာတိုင်းအတွက် ခေတ်သစ်ကြယ် Knowledge ....... ပြိုင်ဆိုင်မှုပြင်းထန်လာတဲ့ ခေတ်သစ် ဝေဟင်ထဲမှာ အားလုံး အားလုံး ပါဝင်မျောလွင့်နိုင်ဖို့အတွက် Knowledge တွေ အတောင်တပ်ဆင်ပေးမယ့် Knowledge For All . ....... လုပ်ငန်းခွင်တစ်ခုကနေ သိသင့်သိထိုက်တဲ့အချက်အလက်တွေကို ဝေမျှပေးနေတဲ့ Knowledge for All . ........ Covid ကြောင့် အောင်မြင်လာတဲ့လုပ်ငန်းများရှိသလို၊ Covid နှင့်အတူ မွေးဖွားလာတဲ့ လုပ်ငန်းများလည်းရှိပါတယ်။ ဆုံးရှုံးနစ်နာ သွားတဲ့လုပ်ငန်းများ၊ ရပ်ဆိုင်းသွားတဲ့လုပ်ငန်းများ လည်းရှိပါတယ်...... ဒီတစ်ပတ်မှာတော့ PS Business School မှဆရာဦးမျိုးမင်းမှ " Covid နှင့်လုပ်ငန်းများအကြောင်း" ကို ဆွေးနွေးပေးထားပါတယ်.....  

  • I'M

    13/10/2020 Duración: 15min

    I'm a photographer. I'm...????? သင်ရော ဘာဖြစ်ချင်တာလဲ??? အောင်မြင်တဲ့ Photographer တစ်ယောက်ဖြစ်ဖို့ ဘာတွေလိုအပ်မလဲ သိချင်သူတွေ၊ ဓာတ်ပုံပညာကို ဝါသနာပါတဲ့သူတွေ၊ ဓာတ်ပုံပညာနှင့်အသက်မွေးဝမ်းကြောင်းပြုပြီး ရပ်တည်ချင်သူတွေ ကို Padamyar FM Facebook Page ကနေ ဓာတ်ပုံ ပညာရပ်နှင့်ပတ်သက်ပြီးသိလိုသည်တွေကို မေးမြန်းဖို့ ဖိတ်ခေါ်ထားပါတယ်...... ဒီတစ်ပတ်ရဲ့ I'm အစီအစဉ်ကနေ ဓာတ်ပုံပညာရပ်နှင့် ပတ်သက်ပြီးပရိသတ်များသိလိုသည်များကပြန်လည်ဖြေကြားဖို့ ပညာရှင်တစ်ဦးကို ဖိတ်ခေါ်ထားပါတယ်၊ ပရိသတ်များသိလိုသည်များကို ဓာတ်ပုံ ပီတာမှပြန်လည်ဖြေကြားပေးထားပါတယ်......

  • ဒီနေ့အတွက်စကား

    13/10/2020 Duración: 03min

    Patience is not the ability to wait but the ability to keep a good attitude while waiting. ဒီစကားကတော့ သည်းခံတတ်တယ်ဆိုတာ ဘယ်လိုအရာမျိုးကိုဆိုတာကို ပြောပြထားတဲ့ စကားပါ။ လောကမှာ ကိုယ်လိုချင် တဲ့ အရာတစ်ခုကို ချက်ခြင်းလက်ငင်းဆိုသလို ရတတ်တဲ့ ပြောရရင် ကံကောင်းတဲ့သူတွေလည်း ရှိသလို ကိုယ်လိုချင်တဲ့အရာ ကိုယ်ဖြစ်ချင်တဲ့ကိစ္စ ကိုယ်ရောက်ချင်တဲ့ပန်းတိုင်တစ်ခုကို ရဖို့ဖြစ်ဖို့ရောက်ဖို့ အချိန်ကာလတွေအများကြီး စောင့်ဆိုင်း ရတဲ့ သူတွေ လည်းရှိပါတယ်။ ကိစ္စတစ်ခုအကျိုးအကြောင်းတိုက်ဆိုင်မှသာဖြစ်တည်သွားလို့ ကိုယ်လိုချင်တဲ့အရာကို ရလိုက်တဲ့ သူတွေလည်း ရှိပါတယ်။ တစ်ချို့ ကတော့ ကိုယ်ကတော့လိုချင်ပါရက်နဲ့ စောင့်ဆိုင်းရမှာကို မနှစ်သက်တဲ့အတွက် ကိုယ်ရချင်တဲ့အရာနဲ့ ဝေးသွားတဲ့သူတွေလည်း ရှိကြပါတယ်။ တကယ်တော့ ဘယ်သူပဲဖြစ်ဖြစ် ကိုယ်လိုချင်ဖြစ်ချင်တဲ့ ဆန္ဒ တစ်ခုအတွက်ဆိုရင် အချိန်ဘယ်လောက်ပဲပေးရပေးရ စောင့် ဆိုင်း သင့်တဲ့အရာဆိုရင် စောင့်ဆိုင်းရမှာပါ။ တန်ဖိုးမြင့်မားတဲ့အရာ တွေက ဘယ်သောအခါမှာမှ လွယ်လင့်တကူမရနိုင် ပါဘူး။ ဒါကြောင့် ကိုယ်က စောင့်ဆိုင်းနေရ တာကို စိတ်မပျက်သွားပဲ အခါ အခွင့်သင့်လာတဲ့အချိန်အထိ ဇွဲရှိရှိနဲ့ ကြိုးစားရပါ မယ်။

  • နိုင်ငံတကာသတင်းသုံးသပ်ချက်

    12/10/2020 Duración: 10min

    နိုင်ငံတကာသတင်းသုံးသပ်ချက် အစီအစဉ်မှာတော့ ပတ္တမြား FM မှ ကျွန်တော် ဇွဲမာန်နဲ့ အတူ ဒေါက်တာ တင့်ဆွေ (ပဲခူး) တို့က နိုင်ငံတကာအရေးတွေကို ဆွေးနွေး တင်ဆက်ပေး သွားမှာဖြစ်ပါတယ်ခင်ဗျာ . . . . ဒီတစ်ပတ်မှာတော့ Covid 19 ကာကွယ်ဆေးနဲ့ပတ်သက်ပြီး နောက်ဆုံးရသတင်းတွေကို ဆွေးနွေး သုံးသပ်ပေးမှာ ဖြစ်ပါတယ်.....

  • ဒီနေ့အတွက်စကား

    12/10/2020 Duración: 03min

    Life is very complicated. Don't try to find answers because when you find answers Life changes the questions. ဒီစကားကတော့ ဘဝရဲ့မေးခွန်းတွေကို အတင်းကြီးလိုက်အဖြေရှာ နေခြင်းက သိပ်ပြီး အသုံးဝင်မှာမဟုတ်ဘူးဆိုတာကို ပြောပြထားတဲ့စကားတစ်ခွန်းဖြစ်ပါတယ်။ ကျွန်တော်တို့လူသားတွေအနေနဲ့ ပိုင်ဆိုင်ထားတဲ့ တစ်သက်တာဘဝဆိုတာ သိပ်ကိုမှ ရှုပ်ထွေးလွန်းလှပါတယ်။ မေးခွန်းပေါင်းများစွာကို ဘဝတစ်လျှောက်မှာ ဖြတ်သန်းနေရင်း ဖြေရှင်းနေရပါတယ်။ အဲဒီလိုဘဝကပေးလာတဲ့ မေးခွန်းတွေအခက်အခဲတွေကို တအားကြီးအာရုံစိုက်ပြီး ဖြေရှင်းနေတာမျိုးကိုလည်း တတ်နိုင်သလောက် မလုပ်ဖို့ တိုက်တွန်းချင်ပါတယ်။ ဘာလို့လဲဆိုတော့ မေးခွန်းတွေကို အရမ်းကြီး အားစိုက်လေ ကိုယ့်ရဲ့စိတ်ထဲမှာ မွန်းကြပ်လေ၊ အဖြေနဲ့ ကိုယ်နဲ့က ပိုပြီးဝေးလေလေ ဖြစ်တတ်ပါတယ်။ အခက်အခဲ တွေကို ဖြေရှင်းတဲ့အခါမှာ အရမ်းကြီး အာရုံစူးစိုက်တာမျိုးထက် ပေါ့ပေါ့ပါးပါးနဲ့ ဖြေရှင်းပါ။ နောက်ထပ်အနေနဲ့ ကိုယ့်မှာမှ ဒီလို မျိုး အခက်အခဲတွေကို ကြုံတွေ့ရတာမဟုတ်ဘူးဆိုတာကိုလည်း မေ့မထားသင့်ပါဘူး။ ဒါကြောင့် အခက်အခဲတွေကို သက် တောင့်သက်သာနဲ့ သာသာယာယာဖြတ်သန်းစေချင်ပါတယ်။ အခက်အခဲဆိုတာ ကိုယ်တစ်ယောက်တည်းဖြစ်နေတာမျိုးမဟုတ် တဲ့အတွက် လူတွေကြာ

  • မနောမြေမှတေးသံသာ

    11/10/2020 Duración: 25min

    ပတ္တမြား FM ပရိသတ်များအားလုံးမင်္ဂလာပါ၊၊မနောမြေမှတေးသံသာ အစီအစဉ်ကိုနားဆင်နေကျတဲ့ ပရိသတ်များ အားလုံးမင်္ဂလာပါရှင်....ကျမကတော့ တေးသံရှင် အမွန်းဖြစ်ပါတယ်။ အပတ်စဉ် တင်ဆက်ပေးနေကြအတိုင်း ကချင်တိုင်းရင်းသား၊ တိုင်းရင်းသူတွေရဲ့တေးသီချင်းကောင်းတွေကို ရွေးချယ်လို့တင်ဆက်ပေးတော့မယ့် မနောမြေမှတေးသံသာ အစီအစဉ် ဖြစ်ပါတယ်၊ စောင့်မျှော်နားဆင်ပေးပါဦးနော် ............

  • ဒီနေ့အတွက်စကား

    11/10/2020 Duración: 03min

    Sometimes you have to keep your good news to yourself. Everybody is not genuinely happy for you. တစ်ခါတစ်လေမှာ သင့်ဘဝအတွက် သတင်းကောင်းတွေကို သင်ကိုယ်တိုင် ထိန်းသိမ်းထားဖို့လိုပါတယ်။ လူတိုင်းကတော့ သင့်အတွက် စစ်စစ် မှန်မှန်ပျော်ရွှင်နေမှာမဟုတ်ပါဘူးတဲ့။ကျွန်တော်တို့ပုထုဇဉ်လူသားတွေအတွက် ကိုယ့်ဘဝမှာ ကိုယ့်အတွက် ကောင်းမွန်တဲ့သတင်းကောင်းတွေကို ထိန်းသိမ်းထားဖို့လိုအပ်တဲ့အကြောင်းကိုပြောပြထားတာဖြစ်ပါတယ်။ လောကမှာ ကိုယ့်ကို ချစ်ခင်တဲ့သူတွေလည်းရှိသလို ကိုယ့်မကောင်းသတင်းကိုမှနားထောင်ချင်တဲ့သူတွေလည်း ကိုယ့်ပတ်ဝန်းကျင်မှာ ရှိနေတတ်ပါ တယ်။ ကိုယ်ဒုက္ခရောက်နေတာကိုမှ ကြားချင်ကြတယ်။ ကိုယ်စိတ်ဆင်းရဲနေတာကို မြင်ချင်ကြတဲ့ ကိုယ့်ကိုမုန်းနေတဲ့သူတွေ လည်း ရှိနေမှာပါပဲ။ ဒါကြောင့် ကိုယ့်ကိုမုန်းတဲ့သူတွေ ပျော်ရွှင်အောင် ကိုယ့်ရဲ့ဘဝမှာ မကောင်းတဲ့သတင်းတွေ၊ ကိုယ့်အတွက် ဝမ်းနည်းစရာတွေ ဖြစ်မနေအောင် ကိုယ့်ကိုကိုယ်သတိထားစောင့်ရှောက်ရပါမယ်။ ကိုယ့်ကိုထိခိုက်စေမယ့် ကိုယ့်ဘဝအတွက် နစ်နာစေမယ့် မကောင်းသတင်းတွေမထွက်အောင် သတိထားရမယ်။ နောက်ထပ်အနေနဲ့ သတိထားရမယ့်အချက်တစ်ခုကတော့ လောကမှာ ကောင်းသတင်းဆိုတာထက် မကောင်းတဲ့သတင်းဆိုးဆိုတာက ပိုပြီးတော့ ပျံ့နှံ့မှုန

  • သီချင်းထဲကဘဝ ဘဝထဲက သီချင်း

    10/10/2020 Duración: 25min

    ပတ္တမြား FM ပရိသတ်များအားလုံးမင်္ဂလာပါ၊၊ တေးရေးဆရာတွေရဲ့ဘဝအမှတ်တရတွေ၊ တေးသီချင်းရေးသားဖန်တီးမူတွေနဲ့ ပတ်သက်ပြီး တင်ဆက်ပေးနေတဲ့ သီချင်းထဲကဘဝ၊ ဘဝထဲက သီချင်း အစီအစဉ် ဖြစ်ပါတယ်။ ဒီတစ်ခါ သီချင်းထဲကဘဝ၊ ဘဝထဲက သီချင်း အစီအစဉ်မှာ ပါဝင်လာသူက သူရေးစပ်ခဲ့တဲ့ တေးသီချင််းကောင်းများစွာထဲကမှ အမှတ်တရဖြစ်တဲ့ တေးသီချင်းများကို ဖွင့်ပြပေးမယ့်သူ ကတော့ တေးရေး စိမ့် ပဲဖြစ်ပါတယ်.....  

  • ပြောကြည့်

    10/10/2020 Duración: 15min

    လူငယ်တွေရဲ့ လွတ်လပ်စွာတွေးခေါ်မှုတွေကို သိရှိခံစားရမယ့် ပြောကြည့် အစီအစဉ်..... ဒီတစ်ပတ် ပြောကြည့် အစီအစဉ်မှာတော့ လေလည်တဲ့ အသံအမှန်ကဘာလဲဆိုတာကို ပရိသတ်များကိုမေးမြန်းထားပါတယ်.... ပရိသတ်များ ရင်ထဲက စိတ်ကူးအတိုင်းပြောထားကြတဲ့ ပြောကြည့် အစီအစဉ် ပဲဖြစ်ပါတယ်....... ဒီအစီအစဉ်လေးကို Radio မှာနားဆင်နိုင်သလို Padamyar FM Website & Mobile Application တွင်လည်းနားဆင်နိုင်ပါတယ်....

  • ဒီနေ့အတွက်စကား

    10/10/2020 Duración: 03min

    Heavy rains remind us of challenges in life. Never ask for a lighter rain. Just pray for a better umbrella. That is attitude. ဘဝမှာ အခက်အခဲတွေကို တွေ့ကြုံလာတိုင်းမှာ ဘယ်လိုမျိုးစိတ်နေသဘောထားရှိနေရမယ်ဆိုတာကို ပြောပြထားတဲ့စကားတစ်ခွန်းဖြစ်ပါတယ်။ လူသား ဘဝမှာ အခက်အခဲတွေ အတားအဆီးတွေ၊ စိန်ခေါ်မှုတွေ၊ လိုအပ်ချက်တွေကို အသက်ရှင်သန်နေသမျှကာလပတ်တစ်ခုလုံးမှာ တွေ့ကြုံရပါမယ်။ လူသားမှန်ရင် ကြုံတွေ့လာတဲ့အခက်အခဲတွေကို ကျော်ဖြတ်ရင်း၊ စိန်ခေါ်မှုတွေကို ရင်ဆိုင်ရင်း ဘဝဆီမီး ခမ်း ခြောက်တဲ့အထိ ဖြတ်သန်းနေရမှာပါပဲ။ အသက်ရှင်သန်နေသေးသမျှ စား၊ ဝတ်၊ နေရေးဆိုတဲ့အချက်တွေနဲ့ လူတန်းစေ့နေထိုင် နိုင်ရေး၊ ခေတ်စနစ်ကို အမှီလိုက်နိုင်ရေးစတဲ့ နိစ္စဒူဝစိန်ခေါ်မှုတွေကလည်း ဒုနဲ့ဒေးပါပဲ။  အဲဒီလိုမျိုး နေ့စဉ်နေ့တိုင်း အချိန်နဲ့အမျှ စက္ကန့်မလပ်ကြုံနေရမယ့် အခက်အခဲတွေကို ကျော်ဖြတ်တဲ့နေရာမှာလည်း ခံယူထားရမယ့် စိတ်နေ စိတ်ထားဆိုတာရှိပါတယ်။ ကိုယ့်မှာမှ အဲဒီလိုမျိုးအခက်အခဲတွေ တွေ့ကြုံနေရတာမျိုးမဟုတ်ဘူးဆိုတာကို ယုံကြည်ထားရမယ်။ လူ့ဘဝကိုရောက်လာတာနဲ့ အခက်အခဲတွေ အတားအဆီးတွေက ကြုံကိုကြုံတွေ့ရမယ့် ဖြစ်ရိုးဖြစ်စဉ်အလေ့အထသာဖြစ်တယ် ဆိုတာနဲ့ အဲဒီ အခက်အခဲတွေက ကိုယ့်ရဲ့ခံ

  • ဒီနေ့အတွက်စကား

    09/10/2020 Duración: 03min

    Sometimes the smallest step in the right direction ends up being the biggest step of your life. Tip toe if you must, but take the step. တစ်ခါတစ်ရံမှာ လားရာကောင်းတဲ့ဘက်ကိုဦးတည်ထားတဲ့ ခြေလှမ်းသေးသေးလေးတစ်ခုကပဲ သင့်ဘဝအတွက် အကြီးမား ဆုံး သောခြေလှမ်းတစ်ခုဖြစ်စေနိုင်ပါတယ်။ ခြေဦးချပြီး လှမ်းစရာရှိတာကို လှမ်းလိုက်ပါ။ဘဝအောင်မြင်ရေး အတွက် ကြိုးစားနေကြ တဲ့သူတွေအတွက် လမ်းညွှန်စကားတစ်ခွန်းလည်းဖြစ်သလိုကိုယ်လျှောက်လှမ်းနေတဲ့ ခြေလှမ်းတွေက သေး သည်ဖြစ်စေ ကြီး သည်ဖြစ်စေ ကိုယ်သွားနေတဲ့ ဦးတည်ရာပေါ်မူတည်ပြီး ပြောင်းလဲမှုတွေဖြစ်စေနိုင်တယ်ဆိုတာကို ပြော ကြားထားတဲ့ စကား တစ်ခွန်းလည်းဖြစ်ပါတယ်။ လူသားဘဝရောက်ပြီဆိုတာနဲ့ ကိုယ့်ဘဝတစ်လျှောက်လုံးမှာ သိန်းသန်း မကတဲ့ ခြေလှမ်းပေါင်းများစွာ ကိုလျှောက်လှမ်းနေရ သလိုဘဲ ကိုယ့်ဘဝအတွက် တိုးတက်ရာတိုးတက်လမ်းကို အရောက် လှမ်းနေကြတဲ့သူတွေချည်းပါပဲ။ ဘဝရဲ့ရှင်သန်နေသမျှနေ့ရက်တိုင်းအချိန်တိုင်းမှာ ကိုယ့်ဘဝအ တွက် ရုန်းကန်ကြိုးစားကြတဲ့အခါမှာ အသက်မွေးဝမ်း ကျောင်းအလုပ်တွေကိုလည်း မဖြစ်မနေလုပ်ဆောင်ရမယ်။ အဲဒီလို ဘ၀ အတွက် ရုန်းကန်တဲ့အခါမှာ ကိုယ်လုပ်နေတဲ့ လုပ်ရပ်တိုင်းရဲ့ လားရာကိုလည်း ကိုယ်က နားလည်ထားဖို့လိုပါတယ်။ က

  • ဒီနေ့အတွက်စကား

    08/10/2020 Duración: 03min

    A single moment of misunderstanding is so poisonous, that is makes us forget the hundred lovable moments spent together within a minute. လူနှစ်ယောက်ကြားမှာဘာရယ်မဟုတ်ဘူးလို့ ထင် မှတ်ထားကြတဲ့ နားလည်မှုလွဲမှားခြင်းဆိုတာကဘယ်လောက်အထိအကျိုးသက်ရောက်မှုတွေဖြစ်စေနိုင်သလဲ ဆိုတာကိုပြောပြ ထားတဲ့စကားတစ်ခွန်းဖြစ်ပါတယ်။ လူသားနှစ်ယောက်ကြားကဆက်ဆံရေးတစ်ခုအချိန်ကာလအကြာကြီးအထိရှည်ကြာ တည်မြဲနေစေဖို့ဆိုရင် လိုအပ်တဲ့အခြေခံအုတ်မြစ်တွေထဲမှာတစ်ဦးအပေါ်တစ်ဦးနားလည်မှုဆိုတာလည်းပါဝင်နေပါတယ်။ နားလည်မှုမရှိရင် ဘယ်လောက်ပဲချစ်ခြင်းမေတ္တာတွေ အဆောက်အအုံကြီးမားနေစေဦးတော့ ဘိလပ်မြေမပါတဲ့ တိုက်အိမ်လိုပဲ အဲဒီဆက်ဆံရေးတစ်ခုကခိုင်ခံ့မှုနည်းပါးမှာပါ။ အထူးသဖြင့် မတူညီတဲ့ နောက်ခံအသိုင်းအဝိုင်းတွေက မွေးဖွားကြီးပြင်းလာကြတဲ့ လူသားနှစ်ဦးပေါင်းဆုံမှုမှာနားလည်မှုဆိုတဲ့ ခိုင်မာတဲ့ကြိုးတစ်ချောင်းကသာလှပတဲ့ အိမ်ထောင်ရေးသံစဉ်တွေကို ထည်ထည်ဝါ ဝါဖြစ်တည်စေမှာပါ။ တကယ်လို့သာဘယ်လိုကိစ္စမျိုးမှာပဲဖြစ်ဖြစ် တစ်ယောက်ကိုတစ်ယောက်နားလည်မှုတွေမရှိတော့ဘူးဆိုရင် ဆက်ဆံရေးတစ်ခုအက်ကြောင်းလိုက်ပြီးပျက်စီးသွားဖို့ အင်မတန်မှလွယ်ကူသွားပါပြီ။ ဒါကြောင့် ဘယ်လိုကဏ္ဍမျိုးမှာပဲဖြစ်ဖြစ် ဆက်ဆံရ

  • ဒီနေ့အတွက်စကား

    07/10/2020 Duración: 03min

    Never trust a person that has let you down more than two times. Once was a warning, twice was a lesson and anything more than that is simply taking advantage! ကျွန်တော်တို့ရှင်သန်နေထိုင်ရာဒီလူ့လောကကြီးထဲမှာ အရှုပ်ထွေး ဆုံး၊ အခက်ခဲအနက်နဲဆုံးဘာသာရပ်ဟာပေါင်းသင်းဆက်ဆံရေးပါ။ စိတ်ဓါတ်ခံယူချက်ပေါင်းစုံနဲ့ လူပေါင်းစုံလည်းရှိနေသလို၊ လူတစ်ယောက်ထဲကပဲအခုချိန်နဲ့ အရင်ချိန်၊ အခုချိန်နဲ့ နောက်တစ်ချိန်မှာသူ့စိတ်ထဲမှာရှိနေမယ့် အတွင်းသဘောထားကို ဘယ် လိုနည်းနဲ့မှ ခန့်မှန်းယူလို့မရတဲ့အတွက်ပါ။ အဲဒီလိုခက်ခဲလှပါတယ်ဆိုတဲ့ ပေါင်းသင်းဆက်ဆံရေးမှာကိုယ်ကကျုး ကိုယ့်ဒူး တောင်မယုံကြည်ရဘူးဆိုတဲ့စကားကသိပ်ကိုမှမှန်ပါတယ်။ ဒီလိုပဲ။ ကိုယ့်ကိုလိမ်လည်လှည့်ဖျားမယ့်သူတွေ၊ ကိုယ့်ကိုအသုံးချပြီး သူတို့ဘဝတက်လမ်းကို လှမ်းတက်သွားမယ့်သူတွေလည်းကိုယ့်ပတ်ဝန်းကျင်မှာ ကျားချောင်းသလိုအများကြီးရှိနေတယ်ဆိုတာ ကိုလည်းမေ့မထားလိုက်ပါနဲ့။ ဒါကြောင့် တတ်နိုင်သမျှ အရာတိုင်းမှာလူတိုင်းကိုယုံကြည်မှုရာနှုန်းအပြည့်အဝထားတာမျိုးကို ရှောင်ကြဉ်ပါ။ အထူးသဖြင့်ဆိုရင်တော့ ကိုယ့်ကို နှစ်ကြိမ်ထက်မကလိမ်လည်ခဲ့ဖူးတဲ့သူ၊ သူရဲ့လုပ်ရပ်နှစ်ကြိမ်ထက်မကကြောင့် ကိုယ့်မှာနစ်နာခဲ့ဖူးတယ်၊ ဆုံးရှုံ

página 12 de 50