Padamyar FM

ဒီနေ့အတွက်စကား

Informações:

Sinopsis

To understand the heart and mind of a person, look not at what he has already achieved, but at what he aspires to do. ဒီနေ့အတွက်စကား လူ့လောကရဲ့ ခက်ခဲနက်နဲလှတဲ့ပညာရပ်တွေထဲမှာပေါင်းသင်းဆက်ဆံရေးဆိုတာလည်း တစ်ခုအပါအဝင်ဖြစ်ပါတယ်။  ပေါင်းသင်းဆက်ဆံရေးကောင်းမွန်ခြင်းဆိုတာအလုပ်အကိုင်ကောင်းမွန်စေရေးအတွက်ကိုအရေးပါအရာရောက်တဲ့ကိစ္စတစ်ခုလည်းဖြစ်တဲ့အတွက် အရေးကြီးတဲ့ ကိစ္စရပ်တစ်ခုလို့လည်းဆိုနိုင်ပါတယ်။ အရေးကြီးတဲ့ ပေါင်းသင်းဆက်ဆံရေးမှာ ကိုယ်ပေါင်း သင်းဆက်ဆံရမယ့် လူတစ်ယောက်ရဲ့စိတ်နေစိတ်ထားကိုသိမြင်နားလည်ထားဖို့ဆိုတာကလည်းအရေးပါလှပါတယ်။  သူ့စိတ်နေစိတ်ထားကိုသိမြင်ထားတယ်ဆိုရင် ပေါင်းသင်းဆက်ဆံတဲ့အခါမှာအဆင်ပြေချောမွေ့မှုကိုရရှိပါလိမ့်မယ်။ ဒါဆိုရင် လူတစ်ယောက်ရဲ့ အတွင်းစိတ်နေစိတ်ထားကိုဘယ်လိုကြည့်ရင်မြင်နိုင်မှာပါလဲ။ တကယ်တော့ လူတိုင်းအလွယ်တကူမြင်နိုင်တာ ကတော့ သူ့ရဲ့ပြင်ပသွင်ပြင်လက္ခဏာတွေနဲ့အတူသူ့ရဲ့အမူအကျင့်ပါ။  သူ့ရဲ့သမိုင်းကြောင်းမှာလဲသူဘာတွေလုပ်ဆောင်ထားပြီးပြီလဲ။ သူ့ရဲ့ အောင်မြင်မှု ကျဆုံးမှုတွေကဘာတွေလဲဆိုတာကို ကြည့်နိုင်ပါတယ်။ ဒါပေမယ့် ဒါတွေကိုသိမြင်ရုံနဲ့ သူ့ရဲ့စိတ်နေစိတ်ထားနဲ့ နှလုံးသားကို မြင်နိုင်သိနိုင်ပြီလို့ တွေးထင်ထားရ