Padamyar FM

  • Autor: Vários
  • Narrador: Vários
  • Editor: Podcast
  • Duración: 127:25:23
  • Mas informaciones

Informações:

Sinopsis

Wherever you go PadamyarFM will be there with you...

Episodios

  • ဒီနေ့အတွက်စကား

    05/09/2019 Duración: 03min

    A journey of a thousand miles must begin with a single step. ဒီနေ့အတွက်စကားကိုတော့ ၁၉ရာစုရဲ့ ရှေးဟောင်းတရုတ်တွေးခေါ်ပညာရှင်၊ စာရေး ဆရာ Lao Tzu က ပြောကြားထားတာဖြစ်ပါတယ်။ ဒီစကားကတော့ ဘဝရဲ့ခရီးပေါင်းများစွာကို လျှောက်လှမ်းနေကြတဲ့ လူသား တွေအတွက် အသိပေးထားတဲ့စကားတစ်ခွန်းဖြစ်ပါတယ်။ ဘယ်ကိစ္စကိုပဲလုပ်ဆောင်လုပ်ဆောင် ကျွန်တော်တို့တတွေ ပထမဆုံး လုပ်ဆောင်မှုတစ်ခုနဲ့ပဲစတင်ရပါတယ်။ အောင်မြင်သည်ဖြစ်စေ၊ ရှုံးနိမ့်သည်ဖြစ်စေအရာအားလုံးမူလပထမ လုပ်ဆောင်မှုတစ်ခု၊ ခြေလှမ်းတစ်ခုကနေပဲစတင်ခဲ့ကြတာချည်းပါပဲ။  အဲဒီပထမခြေလှမ်းကပဲအောင်မြင်မှုတွေဆီကို ကျွန်တော်တို့ကိုအရောက် ခေါ်ဆောင်လို့သွားတာဖြစ်ပါတယ်။ ကိုယ်လိုချင်တဲ့ အောင်မြင်မှုပန်းတိုင်က ဘယ်လောက်ဝေးနေပါစေ။ စတင်ခြင်းခြေလှမ်း တစ်ခုကသာအရေးကြီးတဲ့အရာပါ။ ဘယ်ကိစ္စကိုပဲဖြစ်ဖြစ် စတောင်မစရသေးခင်ကြောက်လန့်နေမယ်ဆိုရင် လူ့ဘဝမှာ အခါခါ ရှုံးနိမ့်နေမှာပါ။ လူညံ့တစ်ယောက်ပဲဖြစ်နေတော့မှာပါ။ ကိုယ်လိုချင်တဲ့ အောင်မြင်ခြင်းဆိုတာဘယ်ဆီမှာမှန်းမသိရင်တောင်မှ မိမိကိုယ်ကိုအောင်မြင်ရမယ်ဆိုတဲ့ ယုံကြည်ခြင်းစိတ်တစ်ခုတည်းနဲ့ ပထမဆုံးခြေလှမ်းတွေကိုအောင်မြင်တဲ့သူတိုင်းလှမ်းခဲ့ကြပါ တယ်။ ခက်ခဲရင်လည်းခက်ခဲမယ်။ ကံကောင်းချင်လည


    04/09/2019 Duración: 11min

    နိုင်ငံတကာသတင်းသုံးသပ်ချက် ပတ္တမြား FM ပရိသတ်များအားလုံး မင်္ဂလာပါခင်ဗျာ ပတ္တမြား FM ကနေ တစ်ပတ်အတွင်း နိုင်ငံတကာသတင်းသုံးသပ်ချက် အစီအစဉ်ကို တင်ဆက်ပေးပါတော့မယ် ဒီနေ့ ပတ္တမြား FM ရဲ့ တစ်ပတ်အတွင်း နိင်ငံတကာသတင်းသုံးသပ်ချက် အစီအစဉ်မှာတော့ ပတ္တမြား FM မှ ကျွန်တော် ဇွဲမာန် နဲ့ အတူ ဒေါက်တာ တင့်ဆွေ (ပဲခူး) တို့က နိုင်ငံတကာအရေးတွေကို ဆွေးနွေးတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်ခင်ဗျာ . . . . . . . . .

  • နိုင်ငံတကာသတင်းသုံးသပ်ချက်

    02/09/2019 Duración: 11min

    ပတ္တမြား FM ပရိသတ်များ အားလုံး မင်္ဂလာပါခင်ဗျာ ပတ္တမြား FM ကနေ တစ်ပတ်အတွင်း နိုင်ငံတကာသတင်းသုံးသပ်ချက် အစီအစဉ်ကို တင်ဆက်ပေးပါတော့မယ် ဒီနေ့ရဲ့ ပတ္တမြား FM ရဲ့ တစ်ပတ်အတွင်း နိင်ငံတကာသတင်းသုံးသပ်ချက် အစီအစဉ်မှာတော့ ပတ္တမြား FM မှ ကျွန်တော် ဇွဲမာန် နဲ့ အတူ ဒေါက်တာ တင့်ဆွေ (ပဲခူး) တို့က နိုင်ငံတကာအရေးတွေကို ဆွေးနွေးတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျာ . . . . . . . . .

  • Songs In Yangon

    02/09/2019 Duración: 25min


  • ဒီနေ့အတွက်စကား

    02/09/2019 Duración: 03min

    Success is not the key to happiness. Happiness is the key to success. If you love what you are doing, you will be successful. ဒီနေ့အတွက်စကား လောကမှာရှိတဲ့ လူသားတိုင်းဘာကိုလိုချင်သလဲလို့မေးရင် အောင်မြင်မှုဆိုတာကိုဖြေကြပါတယ်။ အောင်မြင်မှုကိုရဖို့အတွက်လည်းကိုယ့်နည်း ကိုယ့်ဟန်နဲ့ ကြိုးစားရှာဖွေနေကြတာပါပဲ။ ဒါပေမယ့် တချို့သောသူတွေကကိုယ်ကြိုးစားသလောက် ရလာတဲ့ရလာဒ်ကအချိုး မညီမျှတဲ့အခါမှာစိတ်ပျက်အားငယ်တတ်ကြပါတယ်။ ဒီလိုနဲ့ပဲအားလျော့ပြီးဆက်မလုပ်ဘဲဆက်မကြိုးစားတော့ပဲလမ်းခုလတ်မှာ တင်ရပ်လို့ ဘဝကိုလွယ်လွယ်နဲ့အရှုံးပေးပြီး ပျော်ရွှင်ခြင်းနဲ့ အောင်မြင်ခြင်းနဲ့ ဝေးရာကို ရောက်သွားတတ်ကြပါတယ်။ ဒါဟာ ဘာလို့လဲဆိုတော့ အဲဒီလူတွေကအောင်မြင်ခြင်းဆိုတာကိုရမှ ပျော်ရွှင်ခြင်းကိုရလိမ့်မယ်လို့ ခံယူထားလို့ပါပဲ။  တကယ်တော့ လောကမှာအဓိကကျတာကတော့ ကိုယ့်ဘဝနဲ့ကိုယ့်ရဲ့ရရှိရောက်ရှိနေတဲ့အခြေအနေအမှန်ကိုကိုယ်တိုင်ကျေနပ်ခုံမင်နေဖို့ပါပဲ။ ကိုယ့်ဘဝအတွက်ကိုယ့်ရဲ့လုပ်ဆောင်မှုတွေအတွက် ကျေနပ်နေနိုင်မှုကလည်းလောဘ၊ဒေါသ၊ မောဟအပူမီးတွေကနေ ကင်းလွတ်စေမယ့်နည်းတစ်ခုပါ။ ဒီလိုနဲ့ပဲကိုယ့်ရဲ့လုပ်ဆောင်မှုတွေကိုကိုယ်တိုင်စိတ်တိုင်းကျ ပျော်ရွှင်နေရင်းနဲ့ အောင်မြင်ခြင်း ဆိုတာက

  • ဒီနေ့အတွက်စကား

    01/09/2019 Duración: 03min

    It’s better to have an enemy who honestly says they hate you than to have a friend who’s putting you down secretly. ဒီနေ့အတွက်စကား ပေါင်းသင်းဆက်ဆံရေးနဲ့ ဆက်နွယ်နေတဲ့ စကားတစ်ခွန်းဖြစ်ပါတယ်။ လောကရဲ့ ခက်ခဲနက်နဲလှတဲ့ ပဟေဋိဆန်ဆန်ကိစ္စရပ် တွေထဲမှာပေါင်းသင်းဆက်ဆံရေးဆိုတာကလည်းထိပ်တန်းကနေ ရပ်တည်ပါဝင်နေပါတယ်။ အဲဒီလိုရှုပ်ထွေးတဲ့ပေါင်းသင်းဆက်ဆံရေးမှာလူသားတိုင်းနဲ့ အချိန် ပြည့်အဆင်ပြေချောမွေ့တဲ့ ချစ်ခင်တဲ့ဆက်ဆံရေးမျိုးဆိုတာကောက်ရိုးပုံထဲမှာအပ်ပျောက်ရှာရသလိုမျိုးခဲယဉ်းလွန်းလှပါတယ်။ ကိုယ့်အတွက် မိတ်ဆွေဆိုတဲ့သူတွေနဲ့ ထာဝရချစ်ခင်ရင်းနှီးနေနိုင်ဖို့အတွက်ဆိုရင်လည်းလိုအပ်ချက်တွေ ပေးဆပ်စရာကိစ္စရပ် တွေကအများကြီးရှိလို့နေပါတယ်။ လူ့လောကမှာတော့ပေါင်းသင်းဆက်ဆံရေးကောင်းမွန်ခြင်းနဲ့မိတ်ဆွေသင်္ဂဟပေါများခြင်းဆိုတာကိုမင်္ဂလာတစ်ပါးလို့ သတ်မှတ်လေ့ရှိကြပါတယ်။ ဒါပေမယ့် ကိုယ်ပေါင်းနေသင်းနေတဲ့သူတွေ အကုန်လုံးကတော့ ကိုယ့် အတွက် စစ်မှန်တဲ့ အပေါင်းအသင်းတွေဖြစ်နေနိုင်ဖို့ဆိုတာကတော့ သိပ်ကိုမှခက်ခဲသွားပါပြီ။ အမြှီးကျက်ရင်အမြှီးစားဖို့ အဆင်သင့်ဖြစ်နေကြတဲ့ ဒီနေ့ခေတ်လိုအချိန်ကာလမှာထာဝရမိတ်ဆွေကောင်းဆိုတာ ရှားပါးကုန်ပစ္စည်း ဖြစ်နေပါပြီ။ အထူးသဖြင့်တော့

  • ဒီနေ့အတွက်စကား

    01/09/2019 Duración: 03min

    It’s better to have an enemy who honestly says they hate you than to have a friend who’s putting you down secretly.ပေါင်းသင်းဆက်ဆံရေးနဲ့ ဆက်နွယ်နေတဲ့ စကားတစ်ခွန်းဖြစ်ပါတယ်။ လောကရဲ့ ခက်ခဲနက်နဲလှတဲ့ ပဟေဋိဆန်ဆန်ကိစ္စရပ် တွေထဲမှာပေါင်းသင်းဆက်ဆံရေးဆိုတာ ကလည်းထိပ်တန်းကနေ ရပ်တည်ပါဝင်နေပါတယ်။ အဲဒီလို ရှုပ်ထွေးတဲ့ ပေါင်းသင်းဆက်ဆံရေးမှာလူသားတိုင်းနဲ့ အချိန် ပြည့်အဆင်ပြေချောမွေ့တဲ့ ချစ်ခင်တဲ့ဆက်ဆံရေးမျိုးဆိုတာကောက်ရိုးပုံထဲမှာအပ်ပျောက် ရှာရသ လိုမျိုးခဲယဉ်းလွန်း လှပါတယ်။ ကိုယ့်အတွက် မိတ်ဆွေဆိုတဲ့သူတွေနဲ့ ထာဝရချစ်ခင်ရင်းနှီးနေနိုင်ဖို့အတွက်ဆိုရင်လည်းလိုအပ်ချက်တွေ ပေးဆပ်စရာကိစ္စရပ် တွေကအများကြီးရှိလို့နေပါတယ်။ လူ့လောကမှာတော့ပေါင်းသင်းဆက်ဆံရေးကောင်းမွန်ခြင်းနဲ့ မိတ်ဆွေသင်္ဂဟ ပေါများခြင်းဆိုတာကိုမင်္ဂလာတစ်ပါးလို့ သတ်မှတ်လေ့ရှိကြပါတယ်။ ဒါပေမယ့် ကိုယ်ပေါင်းနေသင်းနေတဲ့သူတွေ အကုန်လုံးကတော့ ကိုယ့် အတွက် စစ်မှန်တဲ့ အပေါင်းအသင်းတွေဖြစ်နေနိုင်ဖို့ဆိုတာကတော့ သိပ်ကိုမှခက်ခဲသွားပါပြီ။ အမြှီးကျက်ရင်အမြှီးစားဖို့ အဆင်သင့်ဖြစ်နေကြတဲ့ ဒီနေ့ခေတ်လို အချိန်ကာလမှာထာဝရမိတ်ဆွေကောင်းဆိုတာ ရှားပါးကုန်ပစ္စည်း ဖြစ်နေပါပြီ။ အထူးသဖြင့်တော့ ကိုယ့်အတွက

  • ပြောကြည့်

    31/08/2019 Duración: 15min

    လူငယ်တွေရဲ့ လွတ်လပ်စွာတွေးခေါ်မှုတွေကို သိရှိခံစားရမယ့် ပြောကြည့် အစီအစဉ်..... ဒီအစီအစဉ်လေးကို Radio မှာနားဆင်နိုင်သလို PadamyarFM Website & Mobile Application တွင်လည်းနားဆင်နိုင်ပါတယ်....

  • ဒီနေ့အတွက်စကား

    31/08/2019 Duración: 03min

    You can’t be strong all the time. Sometimes you just need to be alone and let your tears flow. ဒီနေ့အတွက်စကား သင့်အနေနဲ့အချိန်တိုင်းသန်မာကြံ့ခိုင်မနေနိုင်ပါဘူး။တစ်ခါတစ်လေတော့လည်းသင်တစ်ယောက်တည်းနေရင်းမျက်ရည်တွေကို လွတ်လွတ်လပ်လပ်စီးဆင်းခွင့်ပြုဖို့လိုပါတယ်လို့ ဒီနေ့အတွက်စကားရဲ့ ဆိုလိုရင်းကရှိပါတယ်။ ဒီစကားကတော့လူရှေ့သူရှေ့မှာအတွင်းစိတ်ဓါတ်ခိုင်မာဟန်ဆောင်နေရတဲ့သူတွေအနေနဲ့ တစ်ချိန်ချိန်မှာတော့ စိတ်ရဲ့ထွက်ပေါက်ဆိုတာလိုအပ်တယ်ဆိုတာကိုပြောပြနေတာပါ။ ကျွန်တော်တို့တတွေရဲ့ လူသားဘဝမှာနေ့စဉ်နဲ့အမျှ တွေ့ကြုံနေရတဲ့အဖြစ်အပျက်တွေ၊ နာရီနဲ့အမျှရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေ၊ ဖြတ်သန်းနေရတဲ့ အခက်အခဲတွေကြားမှာအမောကြီးမောလို့နေရပေမယ့် အများသူငါရှေ့မှာတော့ ဝမ်းနည်းပူဆွေးမှုကိုထုတ်ဖော်ပြလို့မရတဲ့ အဖြစ်မျိုးတွေလည်း ကြုံတွေ့ခဲ့ရဖူးမှာပါ။ အတွင်းစိတ်မှာသေလောက်အောင်ညစ်နွမ်းနေပေမယ့် ဟန်ဆောင်ပြီး ပြုံးခဲ့ရတဲ့ အသက်မဲ့အပြုံးတွေလည်း ဘဝတစ်လျှောက်မှာတစ်ကွေ့မဟုတ်တစ်ကွေ့တော့ ပြုံးခဲ့ဖူးမှာပါ။ ဒါပေမယ့် ကျွန်တော်တို့ဟာလူသားတွေပါ။ စိတ်ခံစားမှုအမြင့်ဆုံးသောသက်ရှိတွေပါ။ ပျော်တတ်တယ်။ ကြည်နူးတတ်တယ်။ နာကျည်းတတ် တယ်။ ဝမ်းနည်းတတ်တယ်။ ပေါက်ကွဲတတ်တယ်။ ဒါပေမယ

  • ဒီနေ့အတွက်စကား

    30/08/2019 Duración: 03min

    When you have money in your hand, only you forget who you are. But when you do not have any money in your hand, the whole world forget who you are. It’s life. Microsoft လုပ်ငန်းစုကြီးရဲ့ ပဲ့ကိုင်ရှင် အမေရိကန်သူဌေးကြီး Bill Gateပြောကြားခဲ့တဲ့ဒီစကားထဲကအတိုင်းပါပဲ။ ကျွန်တော်တို့ တတွေလက်ထဲမှာငွေရှိတဲ့ရက်တွေမှာကိုယ့်ကိုကိုယ်မေ့နေတတ်ပါတယ်။ အထူးသဖြင့် ငွေမရှိခဲ့တဲ့နေ့တွေမှာကိုယ်ဘယ်လို နေခဲ့သလဲဆိုတာကိုမေ့ပြီးငွေရတာနဲ့ သုံးချင်တဲ့စိတ်တွေ၊ စားချင်ဝယ်ချင်တဲ့စိတ်တွေ ဖြစ်တတ်ပါတယ်။ အထူးသဖြင့် လစာ ထုတ်ရက်မရောက်ခင်တစ်ပတ်လောက်အလိုမှာဆိုရင် တော်တော်များများက ငြီးငြူကျ၊ ဘာဆိုဘာမှမဝယ်ရဲမစားချင်တွေ ဖြစ်တတ်ပါတယ်။ တစ်ခုခုဝယ်ရမယ်ဆိုရင်တောင်မှ အဲဒီပစ္စည်းကဘယ်လောက် အရေးကြီးလို့လဲ။ တကယ်လိုအပ်ရဲ့လားလို့ သေသေချာချာတွေးတောပြီးမဖြစ်မနေဆိုမှ လက်ကျန်ပိုက်ဆံကိုချင့်ချိန်လို့ ဝယ်တတ်ကြပါတယ်။  တကယ်လို့ ပေးဒေးရောက်လို့ လက်ထဲကိုပိုက်ဆံရောက်တဲ့အချိန်မှာတော့ အရင်ရက်ကမစားခဲ့ မသုံးခဲ့ရသမျှကိုအတိုးချလို့ စားချင်တာတွေဝယ်စား၊ သုံးချင်တာတွေ ဝယ်သုံးတတ်ကြပါတယ်။ အရင်ရက်တွေကိုမေ့လိုက်သလိုမျိုးအရင်မသုံးစွဲခဲ့ရတဲ့ရက် တွေကငုံသျှိုးထားတဲ့ စိတ်တွေဟာကိုယ့်လက်ထဲပိ

  • ဒီနေ့အတွက်စကား

    25/08/2019 Duración: 03min

    ဒီနေ့အတွက်စကား The best revenge is always to just happily move on and let karma do the rest. လောကမှာရှင်သန်နေထိုင်ကြတဲ့ ကျွန်တော်တို့လူသားတွေအတွက် ပေါင်းသင်းဆက်ဆံရေးဆိုတာ ရှေ့တန်းကအရေးပါတဲ့ အချင်းအရာတစ်ခုပါ။ အဲဒီပေါင်းသင်းဆက်ဆံရေးမှာကိုယ့်အပေါ် ကောင်းမွန်တဲ့စိတ်ထားနဲ့ ကောင်းရာမွန်ရာဖြစ်အောင် ပေါင်းသင်းဆက်ဆံတတ်တဲ့သူတွေနဲ့လည်း ကြုံတွေ့ရသလိုကိုယ့်ကိုမုန်းတီးနေတဲ့ ကိုယ့်အပေါ် မကောင်း ကြံတတ်တဲ့သူတွေနဲ့လည်း ကြုံဆုံရမှာပါ။ ဒီလိုပါပဲကိုယ့်ရှေ့မှာတော့ ကောင်းချင်ယောင်ဆောင်ပြီးကိုယ့်နောက်ကွယ်မှာကျမှ မကောင်းကြောင်းပြောတတ်တဲ့ မကောင်းလုပ်တတ်တဲ့ မိတ်ဆွေတုတွေလည်းရှိတတ်ပါတယ်။ တစ်ခါတစ်လေမှာကိုယ့်ကို အဆိုးဝါးဆုံးသော ဒုက္ခတွေပေးသွားတဲ့သူ၊ ကိုယ့်ကိုအကောက်ကြံလို့ သူတု့ိကောင်းရာ ကောင်းကျိုး ကိုရှာဖွေသွားတဲ့သူတွေနဲ့ ကြုံတွေ့လိုက်ရတဲ့အခါမှာပုတုဇဉ်လူသားတွေအနေနဲ့ စိတ်ထဲမှာဒေါသတွေထိန်းမရဖြစ် ဗျာပါဒတွေ ဖိစီးလို့ ပြန်လည်လို့ ကလဲ့စားပြန်ချေချင် လက်တုန့်ပြန်အနိုင်ယူချင်တဲ့ စိတ်တွေက ဖြစ်တတ်ကြပါတယ်။ တကယ်တော့ အဲဒီလို စိတ်တွေက ကိုယ့်ရဲ့ဖြူစင်တဲ့ အတွင်းဓါတ်ကိုညစ်နွမ်းစေတတ်တဲ့အပူမီးတွေပါ။ ဒါပေမယ့် ပုတုဇဉ်လူသားဖြစ်နေသေးသရွေ့ တော့ မုန်းတီးတတ်ခ

  • ပြောကြည့်

    24/08/2019 Duración: 15min

    လူငယ်တွေရဲ့ လွတ်လပ်စွာတွေးခေါ်မှုတွေကို သိရှိခံစားရမယ့် ပြောကြည့် အစီအစဉ်..... ဒီအစီအစဉ်လေးကို Radio မှာနားဆင်နိုင်သလို Padamyar FM Website & Mobile Application  တွင်လည်းနားဆင်နိုင်ပါတယ်....

  • ဒီနေ့အတွက်စကား

    24/08/2019 Duración: 03min

    Sometimes people don’t want to hear the truth because they don’t want their illusions destroyed. ဒီနေ့အတွက်စကား ဒီစကားထဲမှာဆိုရင် အမှန်တရားဆိုတာကို မကြားရဲတဲ့သူတွေရှိနေပါလားဆိုတဲ့ အသိတစ်ခုရသွားလိမ့် မယ်လို့ ယုံကြည်ပါတယ်။ အမှန်တရားဆိုတာ တကယ်တော့ ကောင်းတဲ့အရာလို့ သတ်မှတ်ထားပေမယ့် တသမတ်တိုင်း အမှန်ကို ဆုပ်ကိုင်လို့ ပြောလို့မသင့်တဲ့ ပြောမရတဲ့အချိန်တွေ အခြေအနေတွေဆိုတာရှိပါတယ်။ တစ်ခါတစ်လေမှာတော့ ကျွန်တော်တို့တတွေ အခြေအနေနဲ့ အချိန်အခါကို လိုက်ပြီးတော့ မုသားစကားဆန်ဆန် ပြောရတာမျိုးတွေ အမှန်ကိုသိပေမယ့် မသိချင်ယောင် ဆောင် ဟန်ဆောင်ရတာမျိုးတွေရှိပါတယ်။ ဒါကတော့ လူမှုဘဝပေါင်းသင်းဆက်ဆံရေးမှာ မလွဲမသွေနီးပါးကြုံတွေ့ရမယ့် အဖြစ်ပါ။ မချစ်သော်လည်း အောင့်ကာနမ်းဆိုတဲ့စကားအတိုင်း ကိုယ်က အမှန်တရားကိုသိနေပေမယ့် သူများမိုးခါးရေသောက် တဲ့အချိန်မှာ ကိုယ်ပါမိုးခါးရေသောက်သင့်ရင်လိုက်သောက်ရသလိုပါပဲ။ ရောမရောက်ရင်ရောမလိုကျင့်ဆိုတာ ပေါင်းသင်းဆက်ဆံရေးအတွက် တစ်ကယ့်ကိုမှ မှန်ကန်တဲ့စကားပါ။ လူဆိုတာ ပတ်ဝန်းကျင်အသိုင်းအဝိုင်းမှာ ရပ်တည်ရှင်သန်ရတာဖြစ်တဲ့အတွက် ပတ်ဝန်းကျင်အလိုက် အရောင်ပြောင်းသင့်ရင် ပြောင်းရပါမယ်။ ဒါဟာ ကိုယ်ရဲ့ အတွင်းစိတ်မှာ မမှန်တာက

  • ဒီနေ့အတွက်စကား

    23/08/2019 Duración: 03min

    Don’t forget that you’re human. It’s okay to have a melt down. Just don’t unpack and live there. Cry it out and then refocus on what you are headed. သင်ဟာလူသားတစ်ယောက်ဆိုတာမမေ့ပါနဲ့။ စိတ်ဓါတ်ကျရင်ကျခွင့်ပေးလိုက်ပါ။ အရှုံးတော့မပေးလိုက်ပါနဲ့။ အားပါးတရငိုကျွေး လိုက်ပြီးရင် သင်ဦးတည်ထားတဲ့ကိစ္စအပေါ်ပြန်လို့အာရုံစိုက်လိုက်ပါတဲ့။ဒီစကားကတော့ ကိုယ်ကြံစည်လုပ်ကိုင်တဲ့ ကိစ္စတွေမှာ အကြိမ်ကြိမ်အခါခါရှုံးနိမ့်မှုတွေကြုံတွေ့နေရလို့ စိတ်ပျက်အားငယ်နေတဲ့သူတွေအတွက် အားတက်စေမယ့်စကားတစ်ခွန်းပါ။ ကြိုးစားမှုတိုင်းရဲ့အဆုံးသတ်မှာအောင်မြင်မှုဆိုတာရှိနေနိုင်တာမှန်ပေမယ့် တစ်ခါတစ်လေ မှာ ချွတ်ချော်လွဲမှားနေတတ်တဲ့ အောင်မြင်မှုနဲ့ကိုယ်နဲ့ အံလွဲနေတတ်တဲ့သူတွေ၊ အခိုက်အတံ့တွေလည်း ရှိကောင်းရှိကြမှာပါ။ အဲဒီလိုကိုယ်ကကြိုးစားနေပေမယ့် အောင်မြင်မှုနဲ့ အံလွဲနေတတ်တဲ့ သူတွေအနေနဲ့ စိတ်ဓါတ်တွေကျမယ်။ ဆက်ပြီးကြိုးစားဖို့ မဝံ့မရဲတွေဖြစ်မယ်။ ဆက်ပြီးကြိုးစား ရင်ရောအောင်မြင်နိုင်ပါ့မလားဆိုတဲ့ တွေဝေတဲ့စိတ်တွေဝင်လာမယ်။ နောက်ဆုံးမှာတော့ ကိုယ်လိုချင်တဲ့ပန်းတိုင်ကို ကိုယ်ရဲ့ အားလျော့မှုတစ်ခုကြောင့်ပဲမရောက်တော့တာတွေ ဖြစ်နိုင်ပါတယ်။

página 43 de 50